Tuesday, June 25, 2013

SSA/SSPP and Burma battle 25/06/2013

SSA/SSPP စစ်တပ်နဲ့ တိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 25 ဇွန်လ 2013 - 23:31 GMT

SSA/SSPP တပ်ဖွဲ့ဝင်များ
SSPP/SSA တပ်ဖွဲ့တွေ စစ်ရေးပြနေ
မြန်မာ အစိုးရ နဲ့ အပစ်အခတ်ရပ်ဆဲထားပြီ ဖြစ်တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ် ဟာ အခုရက်ပိုင်း အတွင်းမှာ ပစ်ခတ်မှု တွေ ပြန်လည် ဖြစ်ပွား တဲ့ အတွက်(SSPP/SSA) ဘက်က တပ်စခန်း တခု ပြန်လည် ဆုတ်ခွာ ပေးလိုက်ရပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ အခြေစိုက်တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်ရင်း နှစ်ခု နဲ့ အင်အား ၅ဝ ကျော်ရှိတဲ့ (SSPP/SSA)တပ်ဖွဲ့ တို့ဟာ ကျေးသီးမြို့နယ်၊ ဝမ့်ဝပ်ကျေးရွာ မှာ ရင်ဆိုင်တိုက်ပွဲ တရပ် ဟာ ဇွန်လ ၂၂ရက် ကစလို့ ၂၃ရက်နေ့ အထိ၊ အစိုးရစစ်တပ်ဘက် က လက်နက်ကြီးတွေ နဲ့ ဖိတိုက်တဲ့ အကြောင်း၊ ဒါကြောင်မို့ တာဖါဆောင် တပ်စခန်း ကို စွန့်လွှတ် ခဲ့ရတဲ့ အကြောင်း SSA တပ်မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလှ က ဘီဘီစီ ကို ပြောပါတယ်။
တာဖါဆောင် တပ်စခန်းဟာ အရင်ကတည်းက အစိုးရတပ်ဖက် ကနေ ဖိတိုက်နေရခြင်းက ဒီနေရာဟာ သီပေါ၊ မိုင်းရယ် စတဲ့ မြောက်ပိုင်းဘက် ကို ဆက်သွယ် တဲ့ လမ်းကြောင်း ဖြစ်ကြောင်း၊ SSA အတွက် သွားလာရေး ခက်ခဲမှာ က လွဲလို့ ကြီးမားတဲ့ ဆုံးရှုံးမှု တော့ မဟုတ်ဘူး လို့ ဗိုလ်မှူး စိုင်းလှ ကပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသထဲမှာ စစ်ပြေးဒုက္ခသည် တစ်သောင်း နီးပါးခန့် ရှိနေပြီး ဒုက္ခသည် စခန်းရယ်လို့ မရှိပေမယ့် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းက ဆန်အိတ် ၂ဝဝဝ ကို (SSPP/SSA) ကတဆင့် လှူဒါန်းခဲ့ပါတယ်။ အခုလို နိုင်ငံတကာ အဖွဲ့အစည်းကနေ ရှမ်းဒုက္ခသည် တွေ ကို ကူညီခြင်း ဟာလည်း ပထမဆုံး ဖြစ်ကြောင်း SSA က ဘီဘီစီ ကို ပြောပါတယ်။

No comments:

Post a Comment