Tuesday, July 30, 2013

Flooding in Karen State. 30/07/2013

မိုးကြီး ရေလျှံ၍ ကရင်ပြည်နယ်တွင် ကယ်ဆယ်ရေး စခန်း ၃၁ ခု ဖွင့်ရ

အခုရေကြီးတဲ့အဖြစ်အပျက်က သံလွင်မြစ်တလျှောက်နှင့် ကရင်ပြည်နယ်အတွင်း နေထိုင်တဲ့လူတွေကိုအားလုံးအတွက် နမူနာသင်္ခန်းစာ တစ်ခု ပေးလိုက်သလိုပါပဲ။ ယခုဖြစ်နေတာက သဘာဝဘေးအန္တရယ်တွေပဲဖြစ်သေးတယ်။ သံလွင်မြစ်တလျှောက်မှာ တည်ဆောက်ကြမည့်ရေကာတာတွေဖြစ်မြောက်သွားရင် ဒီထက် အဆပေါင်းများစွာ ဆိုးဝါးမယ်ဆိုတာ အခုကတည်းကိုကြိုတွေးထားကြပါ။ ကရင်ပြည်နယ်ဟတ်ကြီးရေကာတာ၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာလည်း အစသဖြင့်တည်ဆောက်မည့်ရေကာတာအားလုံးဟာ မြစ်ရိုးတစ်လျှောက် နေထိုင်တဲ့သူတွေကို တစ်နေ့ မဟုတ် တစ်နေ့ ဒုက္ခလှလှကြီးပေးမည့် လူတွေဖန်းတီးတဲ့ ပြသနာတွေကြီးပဲဆိုတာ ကြိုတင်မြင်နိုင်စွမ်းရှိစေချင်တယ်။
ငါတို့ ဘားအံ့မှာနေတယ် ငါတို့ အောက်ပိုင်းမှာနေကြတယ် ဟိုးမှာတည်ဆောက်မည့်ရေကာတာတွေ ငါတို့ နဲ့ မဆိုင်ဘူးဆိုပြီး နှုတ်ပေးငြိမ်နေကြရင် အခုကြုံတွေ့ နေရတဲ့ ရေကြီးမှုဒုက္ခနမူနာတွေ ထက် အဆပေါင်းများစွာကြီးမားတဲ့ဟာတွေကို တနေ့ ပြန်ရင်ဆိုင်ကြရမယ်။ သံလွင်မြစ်တလျှောက်နှင့် မြစ်နှင့်ဆက်စပ်တဲ့ မြေနိုပ်ပိုင်းအားလုံးမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး အထူးသဖြင့်ကျနော်တို့ တိုင်းရင်းသားတွေ ဗမာအစိုးရနဲ့ တိုင်းတပါးကုမ်ပဏီတွေတည်ဆောက်မည့်ရေကာတာ စီမံကိန်း အားလုံးကို ပြတ်ပြတ်သားသား ၀ိုင်းဝန်းကန့် ကွက်ကြပါလို့ တိုက်တွန်းလို တယ်။ ဟိုးကချင်ပြည်နယ်မှာတည်ဆောက်မည့် ဧရာဝတီမြစ်ဆုံရေကာတာကို အောက်ပြည်အောက်ရွာမှာ နေတဲ့ ဗမာတွေ ပါးစပ်ပိတ်ပြီး မနေကြဘူး ဆိုတာ ဘယ်လို ဆန့် ကျင်လှုပ်ရှားတယ်ဆိုတာ အတုယူကြပါ။ သံလွင်ရေကာတာတွေ အလှည့်ကျရင် သူတို့ တွေ သူတို့ မီဒီယာတွေ လာအော်ပေးမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကိုနှိုက်က မကာကွယ်နိုင်ကြရင်၊ ဘယ်လိုကြိုတင်ကာကွယ်ရမှန်းမသိကြသေးရင်၊ ထုံးစံအတိုင်းပါးစပ်ပိတ်ပြီးနေကြရင် တနေ့ နေ့ မှာကျနော်တို့ တတွေ ရေအောက်မှာ တိတ်တိတ်ကလေး အသက်ရှုလို့ ပဲပြောရမလိုဖြစ်နေပြီ။

xxxxxxxxxxxxxxxxxx
မြတ်စုမွန်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ရေကြီးမှု မြင်ကွင်း (ဓာတ်ပုံ – Nandakyawthu Soe / Facebook)

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် မနေ့မှ စတင်ကာ ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရကြောင်း ဘားအံနှင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးရုံးများမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် မြ၀တီမြို့တို့တွင် စုစုပေါင်းလူဦးရေ ၇၇၉၅ ဦးအတွက် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

“ရေက ၈၅၀ စင်တီမီတာကျော် တက်နေတယ်။ လောလောဆယ်မှာတော့ မနှစ်က ရေဘေးအလှူငွေထဲက ပိုတဲ့ရန်ပုံငွေ သိန်း ၁၀၀ ကျော်နဲ့ ဖြေရှင်းပေးနေတယ်။ အခု လူ ၁ ဦးကို တနေ့ကို ဆန် ၂ ဗူးနဲ့ ကြက်ဥ ၁ လုံးစီ ပေးတယ်။ ကယ်ဆယ်ရေးစခန်း တွေမှာ ကျန်းမာရေး စောင့်ရှောက်ရေး ဆေးခန်းတွေ ဖွင့်ပေးထားပါတယ်” ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် “သံလွင်မြစ်ရေသည် ယနေ့နံနက် (ဇူလိုင် ၂၈) တိုင်းထွာချက်အရ ဘားအံမြို့တွင် လွန်ခဲ့သော၂၄ နာရီအတွင်း ၄၉ စင်တီမီတာ (တပေခွဲ) ခန့် မြင့်တက်ခဲ့ပြီး၊ စိုးရိမ်ရေမှတ်အထက် ၄ စင်တီမီတာ ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်ထပ် ၄၈ နာရီအတွင်း ၃၀ စင်တီမီတာ (၁ ပေခန့်) ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်” ဟု ဖော်ပြပါရှိသည်။
www.karenkwenews.blogspot.com. This is karen languages.thank u.
ဒုက္ခသည်စခန်းများမှာ ဘားအံမြို့တွင် လူဦးရေ ၃၉၈၅ ဦးအတွက် စခန်း ၁၀ ခု၊ လှိုင်းဘွဲမြို့နယ်တွင် လူဦးရေ ၁၁၁၀ အတွက် စခန်း ၁၂ ခုနှင့် မြ၀တီမြို့တွင် လူဦးရေ ၂၇၀၀ အတွက် စခန်း ၉ ခု အသီးသီး ဖွင့်လှစ်ထားကြောင်း သက်ဆိုင်ရာ ခရိုင်အုပ်ချုပ် ရေးမှူးရုံးများမှ သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ဘားအံမြို့တွင် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး၊ ဒေါနတောင်တန်းတွင် မြေပြိုမှုနှင့် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားရသည့် မြ၀တီမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က “ ဒီညနေ ၄ နာရီ တိုင်းထွာချက်အရ စင်တီမီတာ ၆၃၀ ရှိပါတယ်။ အခု ထမင်းထုတ်ဝေတာတွေ လုပ်ပေးနေတယ်။ တောင်ပြိုနေတာတွေကို ဖယ်နိုင်ဖို့ အတွက် လိုအပ်တဲ့ စက်ကိရိယာတွေ စီစဉ်နေရတယ်။ ကားတွေကိုတော့ တောင်ပေါ်မှာ ပိတ်မိမနေအောင် ကော့ကရိတ်ကနေ လမ်းပိတ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုလ မနေ့က တိုင်းထွာချက်အရ မိုးရေချိန်လက်မ ၁၀ ဒသမ ၇၁ လက်မ ရှိကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများတွင် ပိုးပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ထိုင်း-မြန်မာ နယ်စပ် သောင်းရင်းမြစ် ရေလျှံသောကြောင့် ထိုင်းဘက်ခြမ်းတွင်လည်း ထောင်နှင့်ချီသော လူများ ရေဘေးလွတ်ရာ တိမ်းရှောင်နေရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလည်း ရပ်နားထားရကြောင်း ထိုင်းကုန်သည်ကြီးတဦးက ပြောသည်။

ထိုင်းနိုင်ငံ ဇလဗေဒဌာန၏ သတင်းထုတ်ပြန်ချက်အရ လာမည့် ၃ ရက် ဆက်တိုက် မိုးဆက်ရွာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေဘေး ဒုက္ခသည်များ အိမ်မပြန်သင့်သေးဘဲ စောင့်ဆိုသင်းသင့်ကြောင်း အသိပေးထားသည်ဟု သိရသည်။

Monday, July 29, 2013

Weekly worship this week 28/07/2013


တဿ္ဘူဢ္တဿ္ဘါအသနဿဢ္လဿသ၇ိာ္ပူၯ
ယြၯအဘ်ဴးအဖွိဢ္လဿအဘဢ္ပတဿ္အိဢ္ဖွိဢ္အဃိပအိဢ္ဒီးတဿ္ဆဿကတီဿ္လဿပဘါဘဢ္ယြၯလဿတဿ္သဘ့်အပူၯ
အဃိမ့ဿ္တဿ္စံးဘ်ဴးယြၯအဒိဢ္အအါန့ဢ္လီၯ။ပအိဢ္ဒီးတဿ္သူဢ္၀ံဢ္သးဆဿ။တဿ္ဟ့ဢ္၈ံဿ္ဟ့ဢ္ဘါ။တဿ္တဲပုူကဲဘ်ဴး
ဒီးတဿ္ကစီဢ္သ့ဢ္တဖဢ္မ့ဿ္တဿ္လဿအမၯမုာ္ပသးအဒိဢ္အအါန့ဢ္လီၯ။မ္ယြၯအမံၯဘဢ္တဿ္စံးထီဢ္ပၾတဿၯအီၯ
န့ဢ္တက့ဿ္
တဿ္သူဢ္၀ံဢ္သးဆဿသ့ဢ္တဖဢ္စ့ဿ္ကီးမ့ဿ္တဿ္လဿအမၯမုာ္ပသးအါမးလီၯ။
အါမးလီၯ။တဿ္အိဢ္ဖွိဢ္သ၇ဢ္တဿ္ကစီဢ္လဿမုဿ္ထူဢ္တဿ္ဘါ
နီဿ္လ့လ့ဢ္ဖီ မ့ဿ္ပွၯပဿၯလီဿ္ဆ့ဢ္နီၯလဿမုဿ္ထူဢ္တဿ္ဘါ
နီဿ္တဿ္သဒါသးဘိ ဖးလံာ္စီဆွံလဿကညိီက်ိာ္

                          KNU GS(HQ) Message to Public (July)




Thursday, July 25, 2013

KNU President letter to Aung Min 26/07/2013

မူတူးကြမ္မာ-မူတူးဖန်တီးနေခြင်း





ပထမဆုံးပြောချင်တာက KNU ဥက္ကဌ မူတူးမှ USDP ဝန်ကြီး အောင်မင်းဆီရေးတဲ့ ၂၀-၇-၁၃ နေ့စွဲပါစာဟာ အဖွဲ့အစည်းထဲမှာ တာဝန်ရှိတဲ့ ဗဟိုလူကြီးတွေ၊ ကြီးငါးကြီးသော်လည်းကောင်း၊CEC သော်လည်းကောင်း၊ ဗဟိုကော်မတီသော်လည်းကောင်း၊မသိ ရဘဲ တဦးတည်းသဘောနဲ့ ဆုံးဖြတ်ထုတ်ပြန်တဲ့စာ ဖြစ်နေတယ်။ ဒါကြောင့် ဒီစာဟာ KNU အဖွဲ့အစည်းကိုလည်း ကိုယ်စားမပြု၊ ကရင်တမျိုးသားလုံးကိုလည်း ဘယ်လိုမှကိုယ်စား မပြုပါဘူး။ အခုခရီးစဉ်ဟာ မူတူးနဲ့တကွ သွားရောက်သူ ၅ ဦးနဲ့ဘဲ ဆိုင်ပြီး KNU အဖွဲ့အစည်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး။

ဒုတိယအချက်က စာမှာရေးထားတဲ့ 'ဝန်ကြီးနှင့်ကျနော်' 'သံဓိဋ္ဌာန်ချထားခဲ့ကြသည်နှင့်အညီ' ဆိုတာ ဘာတွေ နှစ်ယောက်ထဲ ကြိတ်ကြံထားတာလဲ။ အဖွဲ့အစည်းကို ပြန်အစီရင်မခံ သတင်းမပို့ဘဲ ချမပြဘဲ ဘယ်လိုလည်ပင်းဖက်ပြီး ဘာတွေကြိတ်ပြီး သံဓိဋ္ဌာန် ချခဲ့တာလဲ။

ဥက္ကဌတယောက်လုံးလုပ်ပြီး အဖွဲ့အစည်းမသိအောင် ရန်သူနဲ့ ဘယ်လိုအကွက်တွေ ရိုက်ခဲ့တာလဲ။
တတိယအချက်က ဥက္ကဌရုံးအဖွဲ့ဆိုတာ ဘာသဘောလဲ။ ဥက္ကဌကြီး စောဘဦးကြီး၊ မန်းဘဇံ၊ စောဘိုမြတို့တောင် ဥက္ကဌရုံး ဆိုတာ မထားခဲ့ဘဲ KNU ဗဟိုရုံး၊ KNU GOC ရုံးတို့ဘဲထားခဲ့တာ အခုတော့ ဗဟိုကိုကွက်ကျော်ရိုက်ဖို့ ဥက္ကဌရုံး တို့၊ ဥက္ကဌ၏ စစ်ရေး နိုင်ငံရေးအတိုင်ပင်ခံတို့ လုပ်နေတာလား။

စတုတ္ထအချက်က ရုံးစာအမှတ်က ငြိမ်းချမ်းရေး-၁/၁ ဆိုတာ KNU ဗဟိုရုံးမှာမရှိတဲ့ စာအမှတ်ဖြစ်နေတယ်။ အခုမှ အသစ်စက်စက် ခါတော်မီဖန်တီးလိုက်တဲ့ ရုံးစာဖြစ်နေတယ်လေ။ ဒီလိုမျိုး ရုံးလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘဲ ကိုယ်တပ်ချင်တဲ့ခေါင်းစဉ်နဲ့ ကိုယ့် ဖာသာကိုယ် စာအမှတ်တပ်လို့ရသလား။ ငြိမ်းချမ်းရေးလုပ်ခဲ့တာ တနှစ်ကျော်ပြီ၊ အခုမှ စာအမှတ် ၁/၁ နဲ့ စာထုတ်တယ်ဆိုတော့ KNU ရဲ့ ငြိမ်းချမ်းရေးမူတွေ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်လိုက်တာလား။

လှိုင်းဘွဲက ကရင်နှစ်သစ်ကူးပွဲမှာ အဖွဲ့အစည်းဥက္ကဌ တယောက်လုံး လုပ်နေပြီး အဖွဲ့ အစည်းမပါလဲ ငြိမ်းချမ်းရေးလုပ်မယ်လို့ ပြောတဲ့သဘောက အဖွဲ့အစည်းကိုသစ္စာဖောက်ပြီး ရန်သူနဲ့ပေါင်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ ဒါကိုရှင်းဖို့လိုတယ်။ ဗိုလ်ချုပ်မြတောင် EC ရဲ့ဆုံးဖြတ်ချက်၊ CC ရဲ့ဆုံးဖြတ်ချက်၊ ကွန်ဂရက်ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ကျော်မလုပ်ခဲ့ဘူး။

ဥက္ကဌမူတူးဟာ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ၁၉၆၃ ခုနှစ်တုံးက အမျိုးသားသစ္စာဖောက် ကော့ကဆာဟန်တာသာမွှေး လမ်းကြောင်းကိုဘဲရောက်မှာ သေချာနေပြီ။ ကရင်လူထုကတော့ စောဘဦးကြီးမူ ၄ ချက်အတိုင်း ကရင့်ကံကြမ္မာ-ကရင်ဖန်တီးရေးကို ဆက်လက်ရပ်တည်မှာဖြစ်တယ်။ ကရင့်ကြမ္မာကို မူတူးနဲ့ လူတစုကဖန်တီးတာ မခံဘူး။ ကရင်တမျိုးသားလုံးရဲ့ကြမ္မာကို မူတူးသဘောတခုတည်းနဲ့ ဖန်တီးလို့ မရဘူး။ ဒါကြောင့် အခုလိုအရေးကြီးလှတဲ့ ကရင့်ကြမ္မာဖန်တီးရေးအတွက် အရေးပေါ်ကွန်ဂရက် ခေါ်ဆိုသင့်တယ်။

_________________________________________
စောအယ်ကလူ (25-7-2013)
(စောဘဦးကြီး မူလေးချက် လေ့လာစောင့်ကြည့်ရေးဌာန)

Philippine rule and law 26/07/2013

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်


ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ်
(Credit: AFP)
ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို 
စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်



ကီဿ္ဖံးလံးပံး
ကီဿ္ဖံးလံးပံး အတဿ္သိဢ္တဿ္သီဒုးအိဢ္ထီဢ္၀ဲလဿကယဲဿ္မ့ဿ္ပွၯမူၯစ
လ့ဢ္ဖိလဿအမ့ဿ္သ၇ဢ္မုဢ္သ့ဢ္တဖဢ္ဖဲအသိဢ္လိတဿ္အဆဿကတီဿ
န့ဢ္ကဘဢ္ဘ့ဢ္လီၯကြံာ္၀ဲအခိဢ္ဘိဢ္ခဲလဲဿာ္န့ဢ္လီၯ။မ့မ့ဿ္တဿ္ဆဿက
တီဿ္လဿအ၈ၯတဖဢ္ဘ့ဢ္လီီီၯကြံာ္၀ဲအခိဢ္ဘိဢ္သ့ခဲလဿာ္လီၯ။လဿတဿ္
သိဢ္တဿ္သီတခါအံၯအဖီခိဢ္ပွၯတဟ့ဢ္ခီမဲးနီတမံၯဒံးဘဢ္န့ဢ္လီၯ။ 

 နောက်ဆုံးရေးသားချိန် 24 July 2013,

ဖိလိပိုင်နိုင်ငံက ​ဆရာ ​ဆရာမနဲ့ ​ကျောင်းသားတွေကြား ​ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် ​စာသင်
ကျောင်းက ​မွတ်စလင် ​ဆရာမတွေကို ​စာသင်ပြနေတဲ့အချိန်မှာ ​သူတို့ရဲ့ ​ခေါင်းပေါင်းတွေကို ​ချွတ်ထားရ
မယ်လို့ ​ဖိလိပိုင်အစိုးရက ​အမိန့်ထုတ်ပြန် ​လိုက်ပါတယ်။

အခုလို ​မွတ်စလင်ဆရာမတွေကို ​ခေါင်းပေါင်း ​ချွတ်ထားရမယ်ဆိုတဲ့ ​အမိန့်ထုတ်ပြန် ​လိုက်တာဟာ ​စာသင်
ကျောင်းတွေမှာ ​ဘာသာရေးနဲ့ ​ပတ်သက်တဲ့ ​အယူသည်း​မှုတွေကို ​ပြုပြင်ပြောင်းလဲမှု ​လုပ်တာဖြစ်တယ်လို့
ဖိလိပိုင်နိုင်ငံ ​ပညာရေးဆိုင်ရာ ​အတွင်းရေးမှူး ​Armin ​Luistro ​ကပြောပါတယ်။

ဒါပေမယ့် ​အခုထုတ်ပြန်လိုက်တဲ့ ​အမိန့်ထဲမှာ မွတ်စလင်ကျောင်းသူလေးတွေကတော့ ​ကျောင်းဝင်းတွေထဲ
မှာခေါင်းပေါင်းခွင့်ရှိသလို ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်တဲ့အတန်းမှာလည်း ​သင့်တော်တဲ့အ၀တ်အစား
တွေ ​၀တ်ဆင်နိုင်တယ်လို့ ​ပါရှိပါတယ်။

မွတ်စလင်ဆရာမတွေကိုလည်း ​စာသင်ခန်းထဲမှာ ​စာသင်ပြပေးနေချိန်အတွင်းသာ ​ခေါင်းပေါင်းကို ​ချွတ်
ထားရမှာ ​ဖြစ်ပြီးတော့ ​ကျန်တဲ့ ​အတန်းချိန်မဟုတ်တဲ့ ​အချိန်တွေမှာ ​ခေါင်းပေါင်း ​ပေါင်းခွင့်ရှိတယ်လို့လည်း
သိရပါတယ်။
အခုလို ​အမိန့်ထုတ်​ပြန်ရတာဟာလည်း ​ကျောင်းသူကျောင်းသားတွေအနေနဲ့ ​သူတို့ရဲ့ ​ဆရာမကို ​ပိုမို ​မှတ်
မိစေဖို့ ​အတွက်လည်း ​ဖြစ်တယ်လို့ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ ​မွတ်စလင်လူမျိုးဆိုင်ရာ ​အစိုးရဌာနကလည်း ​သဘောတူ
လက်ခံပြီး ​မွတ်စလင် ​ဆရာမတွေဆီကနေ ​ဘာမှတုံ့ပြန်မှုတွေ ​မကြားသိရသေးဘူးလို့လည်း ​မွတ်စလင်လူ
မျိုးဆိုင်ရာ ​အစိုးရဌာနက ​တာဝန်ရှိသူတွေကဆိုပါတယ်။

Train Slide on thr way 25/07/2013

စပိန် ရထား လမ်းချော် ၅၆ ဦးသေ ၈၀ ကျော် ဒဏ်ရာ ရ


ကီဿ္စပ့ဢ္လ့ဢ္မ့ဢ္အူ
လီၯတက်ဿဿ္အဃိပွၯသံ၀ဲဒဢ္ ၅၆ ၈ၯဒီးဘဢ္ဒိ၀ဲ ၈၀ ၈ၯလီၯ။ဘဢ္ဆဢ္လဿတဿ္ကစီဢ္အ၈ၯတခါ
န့ဢ္တဲ၀ဲလဿပွၯသံလံအ၈ၯ ၃၀၀ ၈ၯလံန့ဢ္လီၯ အဃိမ့ဿ္တဿ္လဿအဘဢ္ဒိ၀ဲကီဿ္စပ့ဢ္ဖဒိဢိညါ
လီၯ။လဿအဖီလာ္မႜိကြဲးအသးလဿပယီၯက်ိာ္န့ဢ္လီၯ။တဿ္ဘ်ဴး


စပိန် နိုင်ငံ အနောက် မြောက် ပိုင်း က ဂါလီဆီယာ ခရိုင် ဆန်တီယာဂို မြို့  မှာ
ရထား လမ်းချော် မှု ဖြစ် ခဲ့ တာ ကြောင့် ၅၆ ဦးသေဆုံး ပြီး လွန် ခဲ့ တဲ့ မိနစ်ပိုင်း လောက် က နောက် ဆုံး ရ ခဲ့ တဲ့ သတင်း မှာတော့ ၃၀၀ ကျော် သေဆုံး ခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့  ည နေ ပိုင်း မှာ ဆန်တီယာဂို မြို့  ကို အသွား မှာ ရထား လမ်းချော် ပြီး တိမ်းမှောက် ခဲ့ တာ ဖြစ် ပါတယ်။

၂၀၀၄ ခုနှစ် က စပိန် ဘူတာ ရုံ တစ်ခု ကို အကြမ်းဖက် သမား တွေ က တိုက်ခိုက် ခဲ့ ပေမယ့် ဒီနေ့  လမ်းချော် မှု က တော့ အကြမ်းဖက်သမား တွေ လက် ချက် မဟုတ် ဘူး လို့  စပိန် အစိုးရ က ပြော ပါတယ်။

ပြီးခဲ့ တဲ့ သီတင်း ပတ် တွေ က ကနေဒါ မှာ ရေနံတင် ရထား
လမ်းချော် လို့  လူ သေဆုံး မှု ဖြစ် ပွား ခဲ့ ပြီး မှာ အဆိုးရွား ဆုံး
ရထား မတော် တစ်ဆ မှု ဥရော ပ မှာ ဖြစ် ပွားခဲ့ တာ ဖြစ် ပါတယ်။













Monday, July 22, 2013

Thai Ethnic Clothes competition 22/07/2013


ကီဿ္ကႜိီဢ္တဲာ္ပူၯတဿ္ကူတဿ္ကၯၿပဿအဖီခိဢ္ကညီကူကၯန့ဿ္ဘဢ္ခိဢ္ဖး
လဿတဿ္ကူတဿ္ကၯတဿ္ၿပဿတဘ်ီအံၯကလုာ္အိဢ္၀ဲဒဢ္အကလုာ္ကလုာ္လဿႏုာ္လီၯတဿ္ၿပဿ
အဖီခိဢ္တဿ္ၿပဿတဘ်ီအံၯပွၯလဿအကူကၯကညီမုဢ္အကူကၯန့ဢ္ဒိးန့ဿ္၀ဲဒဢ္ခိဢ္ဖးန့ဢ္လီၯ။
အအံၯမ့ဿ္၀ဲဒဢ္တဿ္လၯတဿ္ကပီၯလဿကညီဖိသ့ဢ္တဖဢ္အ၈ီဿ္န့ဢ္လီၯ။

ကနဢ္ကြဿ္တထံဢ္၀ီ