Friday, May 28, 2010

ဂေါ်ဒွန် ဘရောင်းနောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင်



ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

gordon_brown

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း
လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူ


ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေးသဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲဖြေရှင်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊ SSA-N ၊ ကရင်အဖွဲ့ငယ်တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့်သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ ...ရွေးစရာလမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။

အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့တခုအဖြစ် ဖွဲ့စည်းခြင်းမဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်လည်း သဘောတူခဲ့ကြသည်။

အပစ်ရပ်အဖွဲ့များနှင့် KNU ၊ KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘောတူညီချက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။

သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ်အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။
mizzima သတင်းမှ

အပြည့်အစုံသို့ ....

IOM ကားမတော်တဆ တိုက်မိသွား


မေလ ၂၆ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)

တတိယနိုင်ငံသို့ ထွက်ခွာရန် ဒုက္ခသည်များကို တင်ဆောင်လာသည့် International Organization for Migration (IOM) ကားတစ်စီးသည် ယနေ့ မွန်းလွဲပိုင်းတွင် မယ့်လာအူးစခန်းမှ မဲဆောက်သို့အလာ လမ်းတွင် အခြားကားတစ်စီးနှင့် မတော်တ ဆ တိုက်မိပြီး စုစုပေါင်း ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒုက္ခသည် ၃၀ကျော်ကို တင်ဆောင်လာသည့် အဆိုပါကားသည် မဲဆောက်မြို့နှင့် ကီလိုမီတာ ၂၀၀ကွာဝေးသည့် မဲ့သဝေါနေ ရာသို့အရောက် မွန်းလွဲတစ်နာရီခွဲအချိန်တွင် မျက်နှာချင်းဆိုင်မှာ လာသည့် VIGOD4D အမျိုးအစား မီးခိုးရောင်ကားဖြင့် တိုက်မိသွားခြင်းဖြစ်သည်ဟု ကားပေါ်ပါလာသူ မယ်လအူးဒုက္ခသည် စောထွန်းလတ်က ပြောသည်။

“တဖက်ထိုင်းကားက ကားမောင်းသမားဟာ ဖုန်းပြောရင်း ယာဉ်မောင်းတော့ IOM ကားမောင်းနေတဲ့ လမ်းကြောကို ၀င်လာ ပြီး မတော်တဆ တိုက်မိသွားတာပဲ။ အဲလိုတိုက်မိတော့ ဒုက္ခသည် ၁၁ယောက်၊ တဖက်ကားက ကားမောင်းသူနဲ့ အခြားတစ် ယောက် အားလုံး ၁၃ ယောက် ထိခိုက်သွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယခုအချိန်တွင် ထိခိုက်ဒဏ်ရာရသူများကို မဲ့သဝေါဆေးပေးခန်းမှတဆင့် မဲ့တန်မြို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူ ထားသည်ဟု သိရသည်။

အဆိုပါ IOM ကားတွင် လိုက်ပါလာသူ ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်လာအူးဒုက္ခသည်စခန်းမှဖြစ်ကြပြီး အမေရိကန်သို့ ထွက်ခွာမည့်သူများ ဖြစ်သည်။

အပြည့်အစုံသို့ ....

DKBA BGF 8


စာဖတ်ပုရိတ်သတ်များခင်ဗျား….

DKBA မှ BGF သို့  … ဗီဒီယိုမှတ်တမ်း တင်ဆက်မှု ဒီနေရာမှာ ပြီးဆုံးသွားပါပြီ။ စာဖတ်ပုရိတ်သတ်များကို အခြေအနေမှန်သိစေရန် ဗီဒီယိုမှတ်တမ်းပေးပို့ လာသော ၉၉၉ မှ တပ်မှူးငယ်အား အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ အချိန်ရရင် နအဖ နှင့် DKBA မှ တပ်မဟာ (၇)ကို လွန်ခဲ့သည့် နှစ် ဇွန်လ ၂၀၀၉ တွင် တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပေးပါမည်။


အမျိုးသားသစ္စာဖေါက် ဥက္ကဌ သာထူးကျော် ရဲ့ အစည်းဝေးကြီး နိဂုံးအမှာစကားမှာ နအဖ ဗမာ့စစ်တပ်ရဲ့ ဗျူဟာ အတွင်းသို့ ကွက်တိ ၀င်သွားအောင် စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက်ကိုရည်ရွယ်ပြီး သူက လိုရာဆွဲပြီး လွဲမှားစွာ အဓိပါယ် ဖွင့်ဆိုကာ အောက်ပါအတိုင်း ပြောကြားလျက် အစည်းအဝေးကြီးကို အဆုံးသတ်လိုက်ပါသည်။

“ကျနော်တို့ မမျှော်မှန်းနိုင်တဲ့ ကျနော်တို့ လက်နက် ကျနော်တို့ လက်ထဲရှိရမယ်ဆိုတဲ့ စောဘဦးကြီးရဲ့မူအရ တနည်း”
“ပြောင်းလည်းဖြစ်ပေါ်တဲ့ အခြေအနေအရ စောဘဦးကြီး ပြောသွားတဲ့စကားထဲမှာ ကျနော်တို့ ရသည့်ရထိုက်တဲ့ အခွင့်အရေးကို ကျနော်တို့ မတောင်းနဲ့ ပဲ ရတယ်လို့ ပြောနိုင်တယ်”

မှတ်ချက်။ ။ စာတတ်သော ကရင်များကို စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက် တွေကို သိပ်ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုသော်လည်း နားမလည်သေးသူများကို အသုံးချကာ တမျိုးသားလုံးဂျောက်ထဲ တွန်းပို့ ဒါ တရားခံ ဘယ်သူတွေလည်းဆိုဒါ ကရင်အမျိုးသားအပေါင်းတို့  ကိုယ့်ဟာကို ဆုံးဖြတ်ချင့်ချိန်ကြပါကုန်။

ဗီဒီယိုမှတ်တမ်း ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်



Type the rest of your post here.

အပြည့်အစုံသို့ ....

ပြန်ခေါက်ပါ...
Posted by EDT at 2:05 AM 0 comments
Labels: ဗီဒီယို

DKBA BGF 7


Thursday, May 27, 2010

တၓဒုးကဲထီၗဒီးဒုၗဒါဖဲသုးက့၃



တၓဒုးကဲထီၗဖဲသုးက့သၔဒုၗဒါသံဘၗဒိခံဆံဘ်ဲၗ လါမ့ၖ ၂၆သီ
ကညီဒီကလုၘသုးမုၓဒိၗခးလီၖသးဒီးဒုၗဒါဖဲသုးက(့၃)စးထီၗဖဲလါမ့ၖ(၁)သီတုၖ(၂ဝ)
သီအနံၖပပွၖသုးရ့ၗရ,၈,၉တဖၗခးလိၘသးဒီးဒုၗဒါတၓလီၓ၅တီၖဒုၗဒါသံဒီးဘၗဒိခ
ဲလၔၘကအိၗဝဲ(၁၆)ံ၈ၖအ၈့ၓသုးမုၓဒိၗတၓကစီၗပၘဖ်ါထီၗဝဲဒၗန့ၓလီၖ႔ဒ္န့ၗအသိးပပ
ွၖခးကဒီးဒုၗဒါဖ ဲအသီ(၂ဝ)နံၖခီဖ်ိသုးရ့ၗ(ရ)ကယံၘတဆံယဲၓမံးနံးဒုၗဒါသံသုးခိၗတ၈ၖ
သုးစကီၖခံ၈ၖသုးစ
ကီၖဖိတ၈ၖဒီးသုးဖိလြံၓ၈ၖခဲလၔၘရ၈ၖလီၖပပွၖမၖန့ၓMA11ခံခိၗမဲးကစံ၃ဘ့ၗအသၗ၂၅ဖ်ၔၗၒ
ဒီးဖဲလါမ့ၖ၁၁သီတုၖ၁၃သီအနံၖပပွၖသုးရ့ၗ၈ခးကဒီးဒုၗဒါမီၗယ့ၗသၗဒီးပဟံၗပၔၗခိၗဒုၗ
ဒါသံတ၈ၖဘၗဒိ၄၈ၖၒတကတီၓဃီပပွၖခးကဒီးဒုၗဒါဖဲပဟံၗပၔၓခိၗခီဖ်ိသုးရ့ၗ၉ဒုၗဒါဘၗဒိ၄၈ၖၒ
ပပွၖတၓဘၗဒိတအိၗဘၗ

Wednesday, May 26, 2010

တၓဒုးဒီးဒုၗဒါဖဲသုးက့ယဲၓလါမ့ၖ၂၆သီ၂ဝ၁ဝ



တၓဒုးကဲထီၗဖဲသုးက့ယဲၓဒုၗဒါသံဘၗဒိခံဆံဘ်ဲၗ လါမ့ၖ ၂၆သီ
ကညီဒီကလုၘသုးမုၓဒိၗခးလီၖသးဒီးဒုၗဒါဖဲသုးက့ယဲၓစးထီၗဖဲလါမ့ၖ၅သီတုၖ၁၄သီအနံၖ
ပပွၖခးတၓလီၓ၁၅တီၖဒုၗဒါသံဒီးဘၗဒိခဲလၔၘကအိၗဝဲခံဆံခံ၈ၖအ၈့ၓသုးမုၓဒိၗတၓကစီၗပၘဖ
်ါထီၗဝဲဒၗန့ၓလီၖ႕တၓလီၓတဖၗမ့ၓဝဲသီဃဲၘထၗ,မဲၖပိထၗ,ပွ့ပွၘ,က့ၗကီၘ,အူတူက်ိ,
မီဖိကွိ,သီဖိကွိကဝီၖ,ကူဆံး,အီလီးကွိဒီးတၓလီၓအ၈ၖတနီၖစ့ၓကီးလီၖ႔မ့ၓသုးက့၅အတၓဟူး
တၓ၈ဲၖဖးဒိၗတဖၗဖဲအဟီၗကဝီၖဒၗဝဲအပူၖၒဘၗဆၗပတၓဘၗဒိဘၗထံးတခီဒ
္ပန့ၓဘၗတၓကစီၗအသိးတအိၗဝဲနီတ၈ၖဘၗလီၖ႕မ့ၓတၓဟူးတၓ၈ဲၖစဲးၿပဲးတကလုၘ
လၔအမၖဘၗဒိဘၗထံးဒုၗဒါတကလုၘၒ

၂၁နှစ်မြောက် ကေ၀ိုင်အိုနေ့ အခမ်းအနား ကျင်းပပြီးစီး



Tuesday, May 25, 2010

မေလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

မေလ (၂၃)ရက်နေ့တွင် ကျရောက်သည့်
၂၁နှစ်မြောက် ကရင်လူငယ်အစည်းအရုံး
(ကေ၀ိုင်အို)နေ့ အခမ်းအနားကို သံလွင်မြစ်
ကမ်းတနေရာရှိ အီးတူထာ့ ပြည်တွင်းဒုက္ခ
သည်စခန်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် ကေ၀ိုင်အို ဥက္ကဌ စောလှထွန်းက
ကရင့်လူမျိုးတို့၏ သမိုင်းကြောင်းကို လူကြီးများအနေဖြင့်
မျိုးဆက် သစ်ကရင်လူငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန် ယခုလို တိုက်တွန်းပြောကြားလိုက်သည်။


“ကရင့်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး၊ ကရင်လူမျိုး ကမ္ဘာပေါ်မှာ မပျောက်ကွယ်ရေးနဲ့
ကရင်အမျိုးသားတို့ရဲ့ အနာ ဂတ်ဘ၀ ရပ်တည်နိုင်ရေးဟာ ကရင်လူမျိုးတိုင်းနဲ့ သက်ဆိုင်ပါတယ်။
ဒါကြောင့် နေရာအနှံ့မှာရှိတဲ့ တတ်သိနားလည်တဲ့ လူကြီး တွေ မျိုးဆက်သစ်လူငယ်တွေကို
ကရင့်သမိုင်းသင်ကြားပေးကြဖို့ တိုက်တွန်းရင်း သမိုင်းပေးတာဝန်ကို မျိုးဆက်သစ်တွေက
လည်း ကိုယ်စီ ထမ်းဆောင်သွားကြဖို့လည်း လိုအပ်ပါတယ်”ဟု သူက ပြောသည်။

အခမ်းအနား တက်ရောက်ခဲ့သည့် ကရင်လူငယ်တဦးက “ဒီလို ကေ၀ိုင်အိုနေ့ အခမ်းအနားမှာ
ပြောသွားတာ အင်မတန် ကောင်း ပါတယ်။ လူငယ်တွေဟာ တနေ့ကျရင် တိုင်းပြည်ရဲ့
တာဝန်ကို ထမ်းရမယ့်သူတွေဖြစ်တယ်လေ။ ဒါကြောင့် အရင်က ဖြစ်ခဲ့တဲ့ ကရင့်သမိုင်းကြောင်း
တွေကို ပြန်သိရမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ကရင်အမျိုးသမီးလူငယ် နမ့်ဇိုယာဖန်း ကမ္ဘာ့လူငယ်ခေါင်းဆောင်အဖြစ်
အရွေးခံရခြင်းသည် ယနေ့ ကရင် လူငယ်များအတွက် စံပြနမူနာကောင်းတခုဖြစ်သည့်အပြင
် ကရင်တမျိုးသားလုံးအတွက် အင်အားတခုဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။
(ကယ်ခိုဘော်ခို)
၂၁နှစ်မြောက် ကေ၀ိုင်အိုနေ့ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ခုတွင် အသီးသီး
ပြုလုပ်ကျင်းပခဲ့ကြပြီး အီးတူထာ့ စခန်းတွင် ပြုလုပ်သည့် ကေ၀ိုင်အိုနေ့ အခမ်းအနားသို့
လူထုပရိဿတ် ၂၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံးကို ၁၉၈၉ခုနှစ်၊ မေလ ၂၃ရက်နေ့က ကရင်မျိုးချစ်ခေါင်းဆောင်များ
ဦးဆောင်၍ ယခင် ကေအဲန်ယူ မာနယ်ပလော ဌာနချုပ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်....

Interview kasu nyam and Assistance secretary one speech1,2






Monday, May 24, 2010

အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာဗိုလ်မှူးကြီးနယ်ဒါးမြပြောကြား



သွေးစည်းရေး စည်းလုံးညီညွတ်ရေး ဆိုဒါ ပြောနေရဒါ လွယ်ပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ဖေါ်တဲ့ နေရာမှာ မလွယ်တဲ့ဖြစ်ခြင်းပါ။ အတ္တတွေ မာနတွေကို လျှော့ချနိုင်သည့်တိုင်အောင် capacity အားနည်းနေတဲ့လူတန်းစားတရပ်ကို အသိအမြင်တွေဖွံ့ ဖြိုးလာအောင် မလုပ်ဆောင်ပေးနိုင်သေးသ၍ ၀ါးလုံးထဲမှာ လသာပြီး နွားခြေရာခွက်ထဲက ရေကို ပင်လယ်ပြင်ကြီးလို့ ထင်နေအုံးမယ့် မိုက်ရူးရဲတွေ မွေနှောက်နေအုံးမှာပါပဲ။ ဒီလိုဖြစ်အောင်လည်း ရန်သူက စနစ်တကျ ဖန်တီးဖျက်ဆီးထားဒါ ရာစုနှစ်ဝက်ကတည်းကပါ။ ကရင်တွေ စာမတတ်လေ ရန်သူက ပိုဝမ်းသာလေပါပဲ။ ယနေ့  ဒီကေဘီအေ နှင့်ဆက်စပ်ပြီး ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ ခြုံငုံပြီးသုံးသပ်ရမည်ဆိုလျှင် ဒီကေဘီအေ အပါအ၀င် ဒေသခံလူထုတွေပါ အခြေခံပညာ အားနည်းနေကြသည့်အတွက်ကြောင့်ဖြစ်သည် ဟုဆိုရပါမည်။

အခြေခံပညာ အားနည်းကြသည့်အတွက် အမျိုးသားရေး နိုင်ငံရေးနိုးကြားမှုအပိုင်းအမှာ အဓိပါယ်ဖွင့်ဆို ချက်တွေ မှားကုန်တော့ဒါပါပဲ။ ဒါတွေကို အားလုံးပြုပြင်ပြောင်းလည်းဖို့  KNU တစ်ခုတည်းနဲ့ ဘယ်လို မှမဖြစ်နိုင်သလို KNU တစ်ခုတည်းပေါ်မှာ တာဝန်မရှိပါ။ သိမြင်နားလည်နိုင်စွမ်းရှိတဲ့ ကရင်အမျိုးသားတိုင်း အုပ်တချပ်သဲတပွင့် ပူးပေါင်းပါဝင် စည်းရုံးလှုံ့ ဆော်ပြီး အကောင်အထည်ဖေါ်ကြရပါမည်။


ရဲရင့် / ၂၄ မေ ၂၀၁၀



ကရင်အမျိုးသားထုအတွင်း အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာတွင် ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက် အဖွဲ့အစည်းများကို ဥပက္ခာပြု၍မရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာရောက် ကရင်များ တက်ရောက်ကြသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

စောနယ်ဒါးမြက “ကေအန်ယူတည်ရှိနေသရွေ့ ဒီကေဘီအေလည်း ဆက်ရှိနေမှာပဲ။ ရန်သူက ကေအန်ယူကိုတိုက်ဖို့ ဒီကေဘီအေကို ဆက်ပြီးထားရဦးမှာပဲ။ ကေအန်ယူမရှိရင်တော့ ရန်သူက ဒီကေဘီအေကို ဘယ်နည်းနဲ့မှ ထားမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသားသွေးစည်းညီညွတ်ဖို့အတွက် အမြင်သဘောထားတွေကြီးဖို့ အရေးကြီးတယ်။ ဒါတွေကို ကရင်တွေအားလုံး သတိထားကြရမယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ဒီကေဘီအေအဖွဲ့အပါအ၀င် အခြားကရင်ခွဲထွက်အဖွဲ့များနှင့် ညီညွတ်မှုရရှိရေး ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်တဦးဖြစ်သူ မန်းရောဘတ်ဇန်က “ဒီကေဘီအေကို လုံးဝပစ်ပယ်ထားလို့မရဘူး။ သူတို့ဟာ ကျနော်တို့ရဲ့သွေးသားအရင်းအချာတွေဖြစ်တယ်။ တချိန် ပြန်လည်ပေါင်းစည်းကြမှာ သေချာတယ်” ဟု ပြောကြားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲက အမျိုးသားထုအတွင်း အမြင်ကွဲပြားခြားနားသော်လည်း ရည်မှန်းချက်တူညီသည့်အတွက် တဦးနှင့်တဦး တဖက်နှင့်တဖက် မတူညီသည့် အမြင်သဘောထားများကို အလျှော့အတင်းလုပ်ကာ ညီညွတ်ရေး တည်ဆောက်ရမည်ဟု ပြောဆိုသည်။

(၅) ရက်ကြာ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၃၇) ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့လာသူ (၁၀၃) ဦး တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကာ ကေအန်ယူ၏ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ကူညီရန် သဘောတူခဲ့ကြသည်။
ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။
မှတ်ချက်။ ။ အစိမ်းရောင်စာသားများသည် ပိုစ့်တင်သူ၏ ထင်မြင်ယူဆချက်များဖြစ်သည်။

အပြည့်အစုံသို့ ....

ပြန်ခေါက်ပါ...
Posted by EDT at 7:53 AM 0 comments

DKBA BGF 6

Sunday, May 23, 2010

DKBA BGF 5,


Saturday, May 22, 2010

မောင်ချစ်သူ ဆိုင်ခန်း၊ဗုံးပေါက်ကွဲမှု တခု



သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
မေလ ၂၁ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စီးပွားရေးစက်မှုဇုံတွင် ယနေ့ နံနက် ၄ နာရီကျော်အချိန် ခန့်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် စီးပွားရေးစက်မှုဇုံအတွင်းရှိ တိုးတက်သောကရင်ဗုဒ္ဒဘာသာ တပ်မတော်မှ အရာရှိတစ်ဦး ပိုင်ဆိုင်သည့် ဈေးဆိုင်ပျက်စီးသွားကြောင်း ဒေသခံ တဦးက ယခုလိုပြောသည်။

“မနက်က ဗုံးတလုံးကွဲတယ်။ မောင်ချစ်သူ ဆိုင်ခန်း၊ ဆိုင်ခန်းတွေ ပြိုသွားတယ် သိလား။ပါသွားတယ် မောင်ချစ်သူဆိုင်ခန်းလေ၊ အခုစီးပွားရေး စက်မှုဇုံမှာလေ။”

ပေါက်ကွဲမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များမှ စစ်ဆေးခဲ့ရာ နေ့လည်ပိုင်းတွင် ဗုံးတလုံးထပ်မံတွေ့ရှိပြီး အမည် မသိသူတစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်သွားသည်ဟု ၎င်းကဆက်ပြောသည်။

“နေ့လည်ကပဲ ဗုံးတလုံးထပ်တွေ့တယ်သိလား။ အိမ်သာတွေနားမှာ တလုံးထပ်တွေ့တယ်လေ။ လက် နက်ငယ်နဲ့ နောက်ထပ်လေးချက်ထပ်ပစ်သွားသေးတယ်။ ၁၂ နာရီလောက် မှာလေ။”

အမည်မဖော်လိုသည့် ဒီကေဘီကေ အရာရှိတဦးကမူ ဗုံးပေါက်ခြင်းမဟုတ်ပဲ တပ်သားတဦး၏လက်နက်မှမတော် တဆ ကျည်ထွက်သွားခြင်းသာဖြစ်ကြောင်း ထိခိုက်ဒဏ်ရာ ရရှိမှု တစုံတယောက်မျှ မရှိကြောင်း ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများအရ လွန်ခဲ့သည့် တစ်ပါတ်အတွင်းက မြ၀တီမြို့ ကုန်သည်ကြီးများအသင်းဝင် ဒေါ်သင်းသင်းမြတ်နှင့် ဦးကျော်ဟိန်းတို့ထံ ခြိမ်းခြောက်၍ ငွေတောင်းသည့် စာတစ်စောင်ရောက်ရှိခဲ့ပြီးနောက်ပိုင်း ယခုလို ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ယခုပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သည်ဟု မသိရသေးသော်လည်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေကြောင်း အဆိုပါ ဒေသခံက ပြောသည်။

အပြည့်အစုံသို့ ....

DKBA BGF 4,



Wednesday, May 19, 2010

ခလရ ၂၃၂ တပ်ရင်းမှ တပ်ကြပ် ၆ ဦး ရခိုင်ပြည် လွှတ်မြောက်ရေး လာရောက် ပူးပေါင်း



နအဖ စစ်တပ် ခလရ ၂၃၂ တပ်ရင်းမှ တပ်ကြပ် တဦး အပါဝင် ရဲဘော် ၆ ဦးသည် စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး တဦးအား သတ်ဖြတ်ပီး လက်နက် ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် - ALA နှင့် မေလ ၁၆ ရက်နေ့က လာရောက် ပူးပေါင်းခဲ့သည်ဟု ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီ သတင်းနှင် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူးပေါင်းလာသူ နအဖ စစ်သားများမှာ ကိုယ်ပိုင်အမှတ် တ/ ၇၅၁၈၄ တပ်ကြပ် သန်းအေး၊ ကိုယ်ပိုင်အမှတ် တ/ ၁၁၆၅၇၄ ဒုတပ်ကြပ် မိုးအောင်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၈၅ ဒုတပ်ကြပ် ဇော်ဇော်ဟန်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၄၃ ဒုတပ်ကြပ် မောင်မောင်နိုင်၊ ကိုယ်ပိုင်အမှတ် တ/ ၄၀၁၃၃၆ တပ်သား ဇော်မင်းဦးနှင့် ကိုယ်ပိုင်အမှတ် တ/ ၄၂၃၁၄၈ တပ်သား စန်းဝင်းတို့ ဖြစ်ကြသည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) အမျိုးအစား လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး စစ်ကြောင်း (၁) အရံတပ်စု အဖြစ် ပလက်ဝမြို့နယ် မြိတ်ဝ စခန်းတွင် တာဝန် ကျနေစဉ် စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်း လုပ်မူများကို မခံနိုင်သဖြင့် သူ့အား သတ်ဖြတ်ပီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ကုလားတန် မြစ် အခြေစိုက် စခန်းသို့ အဆိုပါ လက်နက်များနှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။

ခမရ ၂၃၂ သည် အိန္ဒိယ- ရခိုင်နယ်စပ် ပလက်ဝမြို့နယ် ငွေလက်ဝ စခန်းတွင် တပ်စွဲထားပြီး အဆိုပါ တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး ကျော်မိုးဟိန်း ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နအဖ စစ်တပ်အတွင်း အထက်အောက် မညီညွှတ်ခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ အလုပ်ဒဏ်ပိခြင်း အပြင် တပ်မတော်မှာ တပ်မတော် တရပ်အသွင်မျိုး မဟုတ်ဘဲ ကြေးစားတပ်မတော်ကဲ့သို့ ဖြစ်လာသဖြင့် တိုင်းပြည်ချစ်သူ စစ်သားများမှာ မကြာခဏ ထွက်ပြေး တိမ်းရှောင်မူများ ရှိနေကြောင်း သတင်း ရရှိသည်။
narinjara.comမှ

အပြည့်အစုံသို့ ....

Monday, May 17, 2010

တၓမၖလၖကပီၖမိၓမုၓနံၖတၓစံးဘ်ူးယြၖတၓဘူၗတၓဘါ






တၓမၖလၖကပီၖမိၓမုၓနံၖတၓစံးဘ်ူးယြၖတၓဘူၗတၓဘါ
မ့ၓကစၓယြၖအဘ်ုးအဖွိၗသတးဒီးတနံၖအံၖပမၖလၖကပီၖဘၗမိၓမုၓနံၖပွဲၖဒီးတၓသူၗခုသးခ
ုဒိၗမးလီၖမိၓလၔတၓဃုထၔအီၖခဲလၔၘတဆံ၈ၖလၔအနံၗယဲၓဆံဆူအဖီခိၗတဖၗလီၖ႕မူးတဘ်ီအံၖပွၖ
ပၔၓလီၓဆ့ၗနီၖမ့ၓဝဲနီၓန့ၓဘ်ုးမူကီးတက်ိက်ိၖၒဖဲတၓသးဝံၗသီၗထီၗလၔစီၖစ့န့ၓဘ်ုးအခါ
တၓဆွၔထီၗမိၓတဖၗလီၖတဘ်ီဃီတၓတဲဖ်ါထီၗမိၓမုၓနံၖကဲထီၗအ၈့ၓခီဖ်ိသးစၓကရၔခိၗအစ့
,တၓကတိၖဒိၗမိၓတဖၗအ၈့ၓခီဖ်ိစီၖအဲၗရွံ,တၓဟ့ၗတၓကစီၗလုၗဒိၗပွ့ၖဒိၗလၔသရ
ၗမၖ၇ၗဒိနါမ့ၓ၈့ၖ,ဒီးမိၓခၔၗစးအက်ါတ၈ၖလၔအမ့ၓဖံသရၗမုၗအဲလံစဘဲးလၔကီၓအမဲရကၗ
မ့ၓ၈့ၖၒ,တၓကတိၖတဖၗအံၖမ့ၓတၓကတိၖကဲထီၗတၓဘ်ုးတၓဖွိၗဒိၗမးလၔပဝဲဖိလံၖတဖၗ
အ၈ီၓလီၖ႕



ဟ့ၗတၓအဒိအတဲၘတဖၗအါမးလၔတၓလဲၖခီဖ်ိတဖၗအဃိဒိၗမးလီၖဒ္တၓလဲၖခီဖ်ိအသိးလံၘစီဆ
ွံအဆၔတဖၗစ့ၓကီးအါမးလၔတၓဟ့ၗတခူထီၗက့ၖဖိလံၖတဖၗဒီးမိၓသ့ၗတဖၗအဃိလီၖ႕
လံၘစီဆွံအဆၔလၔခံကတၔၓလၔအဝဲပၘတ့ၓဝဲန့ၗမ့ၓကလီးစဲအဆၔဒိၗဃုအဆၔဖိတၔတုၖလၔသၔလၔအစံးဝဲအကတၔၓ
တဆၔန့ၗဒ္သိးနကဘီၗထီၗညီထီၗဒီနသးကကၔကခိးလၔဟီၗခိၗခ်ၔလီၖ႕ပမ့ၓအဲၗဒိးလၔပ
ကဘီၗထီၗညီထီၗဒီးသးကကၔကခိးန့ၗကဘၗယူးယီၗမိၓပၓသရၗသမါလီၖ႕တၓသးဝ
ံၗလၔနီၓစူရံတီမ့ၓ၈့ၖ,တၓသးဝံၗလၔစီၖဟဲဘ်ုးစ့မ့ၓ၈့ၖတကတီၓဃီပွၖအုၗအသးလၔစီၖဆ
ၗလီၖလးမ့ၓ၈့ၖၒတၓဘါယြၖဝံၖအလီၓခံသးစၓကရၔဒုးအီၗပွၖလၔကိၗဝံၖမးပ်ဲက့ၖ
ပွၖလီၖ႕ဒ္န့ၗအသိးပွၖစၔဒ့စကူကၕိဖိလၔအမ့ၓပွၖဒ့တၓစဲၗနီၗစီၖဖါတိစ့ၓကီးဒ့န့ၗ
အဝဲၓတဖၗသးဝံၗတၓဆၔ၈့ၖဆၓဝါဆူမိၓတဖၗအအိၗလီၖမ့ၓတၓလီၓလိၗလီၖလး
ဒိၗမးၒပဆၔ၈့ၖဆၔဝါဘၗမိၓလုၗဒိၗပွ့ၖဒိၗတဖၗအံၖမ္ယြၖအတၓဆိၗ၈့ၖဆိၗဝါက
လီၓဘၗအဝဲသ့ၗထူးထူးတီၖတီၖတက့ၓ

Saturday, May 15, 2010

တၓထီၗဟံၗသီဒီးတၓစံးဘ်ုးယြၖ




တၓစံးဘ်ုးယြၖဒီးတၓထီၗဟံၗအသီ
မ့ၓကစၓယြၖအဘ်ုးအဃိပတံမီၗဒိးန့ၓကဒီးဟံၗအသီတဖ်ၔၗဒီးလၔစွၖသီအတီၓပူၖကြဲဝဲသရၗ
သမါသ့ၗတဖၗ,တံၖသကိးဒီပုၓဝဲၓတဖၗအိၗဒီးတၓစံးဘ်ုးလၔတၓထီၗဟံၗအသီတဘ်ီအ
ံၖၒတၓဘါတဘ်ီအံၖပွၖပၔၓလီၓဆ့ၗနီၖမ့ၓဝဲသရၗ၈့ၖထူ,တၓစံၗတဲၖတဲလီၖမ့ၓဝဲသရၗ
တိးဟၗ,တၓထုကဖၗအလၔအပွဲၖမ့ၓဝဲသရၗဝ့လ္မဲၒမ့ၓတၓစံးဘ်ူးယြၖဒိၗဒိၗမုၓမုၓလၔန့ၓဘ
ၗဟံၗသီတဖ်ၔၗအံၖဒီးတၓထုကဖၗလၔခါဆူညါတၓအိၗမူအ၈ီၓလီၖ


႕မ့ၓဟံၗဃီတဖ်ၔၗလၔအဲၗထူအဲၗယြၖထီဘိန့ၗအဘူးအတံၓအက်ါတ၈ၖပၘဖ်ါဝဲၒဖိလံၖတဖ
ၗမ့ၓစ့ၓကီးပွၖအဲၗတၓသးခုကစီၗတဖၗလီၖဒ္တၓဃုထၔအဝဲသ့ၗတဘ်ီလၓလၓန့ၗတ
ဝံခိၗဒိၗခံဃၔဘၗအမဲၘညါက်ဲးစၔးထဲး၈ံၓထဲးဘါဝဲအ၈့ၓကတၔၓၒ
တၓဘူၗတၓဘါဝံၖအလီၓခံဒုးအီၗပွၖလၔကိၗကြ့းကၕးၒပဆၔ၈့ၖဆၔဝါအဝဲသ့ၗကီး၈ၖ
ဒဲးမ္ယြၖအတၓဆိၗ၈့ၖထူးတီၖကလီၓဘၗအဝဲသ့ၗဟံၗဖိဃီဖိကိး၈ၖဒဲးတုၖတၓလၔတၓပွၖဲတစုၒ

၆နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

မေလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

နှစ်ဖက်စစ်တိုက်လို့  နှစ်ဖက်သောလက်နက်ကိုင်တွေ သေသွားဒါ သဘ၀ကျပါသည် တရားပါသည်။ စစ်တိုက်လို့ သေကြဒါ မဆန်းပါ။ ဒါပေမယ့် နအဖ စစ်တပ်တွေဟာ အထိနာတိုင်း အပြစ်မဲ့ကရင်လူထုအပေါ် ပြန်လည်သတ်ဖြတ်မှုတွေပြုလုပ်ဒါဟာ အင်မတန်မှပဲ သူရဲဘောကြောင်လှပါတယ်။ အဲဒါ လူမျိုးရေးကို အခြေခံပြီး မျိုးတုံးအောင် ရှင်းလင်းသုတ်သင်ဒါဖြစ်သည်။

အခုလည်း တိုက်ပွဲဖြစ်ရာ ဒေသတ၀ိုက်မှာနေထိုင်နေကြတဲ့ ကရင်ရွာသားများအပေါ် နအဖ စစ်တပ်တွေက ဘယ်လို လက်စွမ်းပြ တုံပြန် ယုတ်မာကြအုံးမလဲ ဆိုဒါ စောင့်ပြီးကြည့်နေကြ။ မြေကြီးလက်ခတ် လွဲရင်လွဲအုံးမယ်.. တိုက်ပွဲမှာ အထိနာလို့  ဘာမှအပြစ်မရှိတဲ့ ရွာသားတွေကို ပြန်ပြီး ဒုက္ခနည်းမျိုးစုံပေး မညှင်းဆဲဘူးတဲ့ ဗမာစစ်သား သမိုင်းမှာ မရှိသေးပါ။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အဲန်အယ်လ်အေ)နှင့် နအဖစစ်တပ်တို့အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိ ရသည်။

ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)တပ်ရင်းမှ စစ်ကြောင်း(၂)ကို ကျုံခွန်နှင့် တောင်ဒီးကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ယနေ့မနက် ၄နာရီခန့်မှ ၁၀နာရီခွဲအထိ ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၀ဦး ထိခိုက် သေဆုံးပြီး ကေအဲန်အယ်လ်အေမှ ၁ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ပြောသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)မှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က “ကျုံခွန်နဲ့ တောင်ဒီးကျေးရွာကြားမှာ မနက် ၄နာရီ လောက်ကနေ ၁၀နာရီခွဲအထိ ကျနော်တို့ အပြန်အလှန် ပစ်ခတ်ကြတယ်။ တိုက်ပွဲက ဆက်တိုက်တော့ မဟုတ်ဘူး။ ပြတ် တောင်းပြတ်တောင်း ပစ်ခတ်တာပါ။ ကျနော်တို့ဘက်ကလည်း အင်အား ၅၀နီးပါးပေါ့။ အလောင်းကောက်လို့ ရသလောက်က နအဖ ၇ယောက် သေတယ်။ ၃ယောက် ဒဏ်ရာပြင်းတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တစ်ယောက် ဒဏ်ရာနည်းနည်းရ တယ်”ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် နအဖထံမှ လက်နက် (၄)လက် ကေအဲန်အယ်လ်အေ သိမ်းဆည်းမိပြီး တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီး မှ အင်အား ၃၀၀ခန့်ရှိ စကခ(၈)လက်အောက်ခံ ခမရ(၄၀၄)၊ ခမရ(၄၀၉)၊ ခလရ(၆၂)တပ်ရင်းတို့ စစ်ကူတက်လာသလို လော လောဆယ်တွင် ကျုံခွန်၊ ခလယ်တံခွန်တိုင်၊ တောင်ဒီးကျေးရွာသူကြီးများကို အဆိုပါ နအဖတပ်များမှ ဆင့်ခေါ်ထားသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒီကေဘီအေ တပ်မှူးတဦးက “တိုက်ပွဲဖြစ်တာ အတော်ကြာတယ်လို့ သိရတယ်။ နအဖ က တိုက် ပွဲဖြစ်တိုင်း တပ်သားကျဆုံးတဲ့အကြောင်းကို ပြောလေ့ပြောထမရှိဘူးလေ။ တနေရာမှာ သေရင် တခါတည်း တန်းမြှုပ်ပစ်တာပဲ။ ကော်သူးလေ (ကေအဲန်အယ်လ်အေ)ဘက်က အပိုင်နေရာယူထားတော့ သူတို့ပဲ သာမှာပါ”ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် ၂၀၀၇ခုနှစ်နောက်ပိုင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တို့ မကြာခဏ တိုက် ပွဲဖြစ်ပွားလေ့ရှိသော်လည်း ယခုတကြိမ်သည် အချိန်ကြာမြင့်ပြီး နအဖဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိသည်။

နအဖ ခမရ(၄၀၁)တပ်ရင်းသည် မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်ကို ငြင်းပယ်လိုက်သည့်နောက်ပိုင်း ယခုတိုက်ပွဲဖြစ် ပွားသည့် နယ်မြေသို့ဝင်ရောက်လာသည့်အပေါ် ကေအဲန်အယ်လ်က စောင့်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖားပြကျေးရွာနှင့် (၇)မိုင်အကွာအဝေးရှိ အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသတွင် စကခ(၈) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၀၁)၊ (၄၀၉)နှင့် ခမရ(၄၀၄)က နယ်မြေခံတပ်များအဖြစ်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၂၈၄)၊ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၉)တပ်ရင်းများက ဧပြီလဆန်းပိုင်းကတည်းက စစ်ကူအဖြစ် ရောက်ရှိလာ ပြီး ကေအဲန်အဲလ်အေတပ်ရင်း (၁၆)နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ထင်မြင်ယူဆနေကြသည်။
ကေအိုင်စီသတင်းမှ

karen songs

Friday, May 14, 2010

သေနတ်နဲ့ အပစ်ခံရတဲ့ ထိုင်းဗိုလ်ချုပ်

ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ စတည်းချနေတဲ့နေရာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ထိုင်းဗိုလ်ချုပ်တယောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သလို တခြား အတော်များများလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ရက်သီတင်းပတ်များစွာနဲ့ချီ ဆန္ဒပြနေကြသူတွေကို သူတို့ဆန္ဒပြနေတဲ့ နေရာတွေကနေ ထွက်ခွာဖို့ ထိုင်းအစိုးရက ဖိအားပေး ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက် အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီ အကြမ်းဖက်မှု ဖြစ်ရပ်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဘန်ကောက်မြို့က ဗွီအိုအေ သတင်းထောက် Daniel Schearf က သတင်းပေးပို့ထားပါတယ်။



ဒဏ်ရာရသွားတဲ့ ထိုင်းဗိုလ်ချုပ် Khattiya Sawasdipol ကို ကားပေါ်တင်ပြီး ဆေးရုံကို အမြန်ခေါ်သွားဖို့ ကြိုးစားရင်း သတင်းထောက်တွေ နဲ့ ဘေးကကြည့်နေသူတွေကိုလည်း နောက်ဆုတ်နေကြဖို့ ဆန္ဒပြသူတွေဘက်က လုံခြုံရေးတာဝန်ခံတွေက အော်ဟစ်နေကြပါတယ်။ အဲဒီမတိုင်ခင် မိနစ်ပိုင်းအလိုလေးကပဲ တနေရာကနေ ချောင်းပစ်လိုက်တဲ့ လက်ဖြောင့်သေနတ်သမားရဲ့ လက်ချက်နဲ့ ဗိုလ်ချုပ် Khattiya ခေါင်းကို ထိမှန်သွားခဲ့တာပါ။ နယူးယောက်တိုင်းမ်စ် သတင်းစာ သတင်းထောက်တဦးနဲ့ စကားပြောနေချိန်မှာပဲ သူ ခုလို အပစ်ခံလိုက်ရတာပါ။

သူ့ကို နေရာကနေ ဆွဲထုတ်သွားပြီးလို့ မိနစ်အနည်းငယ်ကြာမှာ ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့သလို အင်္ကျီနီဝတ် ဆန္ဒပြသူတွေလည်း နေရာကနေ လူစုကွဲသွားခဲ့ပါတယ်။ လူတွေ နေရာကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့အရေး ကူညီပေးနေတဲ့ ဆန္ဒပြသူတဦးကတော့ - အစိုးရ စစ်သားတွေက လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်သားတယောက်၊ ထိုင်းစစ်သား။ သူက အမ်-၁၆၊ အမ်-၇၉ (M16၊ M79) လက်နက်တွေနဲ့ အင်္ကျီအနီဝတ် ထိုင်းပြည်သူတွေကို ပစ်ပါတယ်။”

ခုလို ရှုပ်ထွေးနေတဲ့ လူအုပ်ကြားမှာ သူ ပြောတာ မှန်တယ်လို့ အတည်ပြုပြောဖို့ကတော့ မလွယ်ပါဘူး။
ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဆန္ဒပြသူတွေမှာ သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ ရှိတယ်လို့ စွပ်စွဲထားတာပါ။ ပစ်ခတ်မှု ဖြစ်ခဲ့ပြီးပြီးချင်းမှာပဲ ပိုပြီးတော့ ရှုတ်ထွေးမှုတွေ ဖြစ်အောင် ဆန္ဒပြသူတွေဘက်က မီးရှူးမီးပန်းတွေကိုလည်း ပစ်လွှတ်ခဲ့ကြပါသေးတယ်။
လက်ဖြောင့်တပ်သားတွေရဲ့ ချောင်းမြောင်းပစ်ခတ်မှာကို စိုးရိမ်ခဲ့တဲ့အတွက် ဆန္ဒပြသူ တချို့က ၀ါးရင်းတုတ်တွေနဲ့ လမ်းဘေး မီးတိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။

အာဏာပိုင်တွေကလည်း ဆန္ဒပြသူတွေ အဓိက စတည်းချနေတဲ့ နေရာကို ကျည်ကာ ကားတွေသုံးပြီး ပိတ်ဆို့ဖြိုခွင်းမယ်လို့ ပြောခဲ့တာပါ။ အဲဒီနေရာမှာ ဖုန်းလိုင်းတွေနဲ့ ရေနဲ့ လျှပ်စစ်မီးတွေကိုပါ ဖြတ်တောက်ပြီး ဆန္ဒပြသူတွေ နေရာကနေ ထွက်ခွာအောင်လည်း အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်။ စစ်တပ် ပြောရေးဆိုခွင့်ရှိသူတဦးက သူ့အဆို လက်နက်ကိုင် အကြမ်းဖက်သမားတွေကို ရှာဖွေဖို့အတွက် စစ်တပ်က လက်ဖြောင့်တပ်သားတွေကို နေရာချထားမယ်လို့လည်း ဆိုပါတယ်။

ဆေထန် ဆိုတဲ့ နံမည်နဲ့ ပိုပြီးလူသိများတဲ့ သေနတ်နဲ့ခေါင်းကို အပစ်ခံလိုက်ရတဲ့ ဗိုလ်ချုပ် Khattiya ဟာ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်တဲ့နည်းသုံးဖို့ အဓိက နောက်ကနေ အားပေးထောက်ခံပေးနေတဲ့သူတွေထဲက တယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေအကြား လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းဖို့ ကြိုးစားခဲ့သူအဖြစ်နဲ့ သူ့ကို စွပ်စွဲထားတာပါ။ ဆန္ဒပြသူတွေကို ထောက်ခံခဲ့တဲ့အတွက် စစ်တပ်က သူ့ကို ရာထူးကနေ ခေတ္တရပ်ဆိုင်းခဲ့သလို သူ့ကို ဖမ်းဖို့အတွက်လည်း ၀ရမ်း ထုတ်ထားတာပါ။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ဧပြီလက တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်ပိုင်း ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် အတော်များများကို အကြမ်းဖက်သူများ စာရင်းသွင်းပြီး သူတို့ကို ဖမ်းဆီးဖို့ အာဏာပိုင်တွေက ၀ရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကို ဆန္ဒပြသူတွေ သိမ်းထားတာ နှစ်လလောက် ရှိနေပါပြီ။ လက်ရှိအစိုးရဟာ တရားမ၀င်တဲ့အတွက် အာဏာကနေ ဆင်းပေးဖို့နဲ့ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ သူတို့က တောင်းဆိုနေကြတာပါ။
လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ ကတော့ -
“တွေ့ဆုံဆွေးနွေးမှု အစီအစဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က တုံ့ပြန်တဲ့နေရာမှာ ဆန္ဒပြသူတွေဘက်က လက်ရှိ ဆန္ဒပြမှုတွေကို အဆုံးသတ်ပေးတာမျိုး တိကျခိုင်မာတဲ့ လုပ်ဆောင်မှုမျိုး ရှိရမယ်ဆိုတာကို သူ အားလုံးကို အသိပေးပြောခဲ့ပြီးသား ဖြစ်တဲ့အကြောင်းနဲ့ ဆန္ဒပြပွဲတွေ မရုပ်သိမ်းပေးတဲ့အတွက် သူ့ဘက်ကလည်း အချက်ငါးချက်ပါ အစီအစဉ်အတိုင်း ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း” - ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ က ထိုင်းဘာသာစကား ပြောသွားတာပါ။

ရွေးကောက်ပွဲ ကျင်းပဖို့ရက်ကို သူ အချိန်မရွေး ဆုံးဖြတ်နိုင်တဲ့အကြောင်းနဲ့ ပဋိပက္ခတွေ တာရှည်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့ အင်္ကျီနီဝတ်တွေဘက်က ခုထိ ဘာမှ တုံ့ပြန်လာတာမရှိသေးတဲ့အတွက် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပေးတော့မှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ် အဘီဆစ် ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့ကိစ္စအတွက် အစိုးရအရာရှိတွေ တရားရင်ဆိုင် ဖြေရှင်းရလိမ့်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက တောင်းဆိုခဲ့ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာလတွင်း ရွေးကောက်ပွဲတွေကို စောပြီးကျင်းပပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရက ပြန်ပြီး ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
voa မှ

Thursday, May 13, 2010

ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်း

ရဲရင့် / ၁၂ မေလ ၂၀၁၀

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်ပြီဖြစ်သည်။

ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်ဟု ဒီကေဘီအေ အဆင့်မြင့်အရာရှိတဦးက ပြောသည်။


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သောအဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်သည့်အတွက် ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှု ပြီးဆုံးသွားပြီဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် လက်အောက်ခံတပ်ရင်းမှူးများသည် မြ၀တီမြို့တွင် အရှေ့တောင်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် အဖွဲ့ဝင်များထံတွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယခင်လက ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးညှိနှိုင်းရေးအတွက် မြိုင်ကြီးငူဌာနချုပ်သို့ ပြန်လာရန် ဗဟိုမှဆင့်ခေါ်မှုကို စောလားပွယ်နှင့်အဖွဲ့က သွားရောက်ရန် ငြင်းဆန်ခဲ့သည့်နောက်ပိုင်း တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှလွဲ၍ ဗဟိုနှင့်လက်အောက်ခံတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များက ယခင်လအတွင်းက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဒီကေဘီအေ (၉၉၉) တပ်မဟာမှ တပ်မှူးတဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်တွင် တပ်မဟာ(၅) ဗျူဟာ (၁) ခုနှင့် လက်အောက်ခံတပ်ရင်း (၅) ရင်းရှိပြီး စစ်သည်အင်အား (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရာတွင် ၎င်းတို့၏တပ်ဖွဲ့ဝင် အင်အား (၅,၀၀၀) ကျော်ကို (၁,၀၀၀) အထိ လျှော့ချရမည်ဟုလည်း သဘောတူညီချက်တွင် ပါရှိသည်ဟု ယင်းတပ်မှူးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှခွဲထွက်ခဲ့ပြီး နအဖနှင့် ပူးပေါင်းခဲ့သည့်အဖွဲ့ဖြစ်သည်။
ခေတ်ပြိုင်မှ

Tuesday, May 11, 2010

မိၓမုၓနံၖတၓသးဝံၗဒီးထါ




အ မုိး
ဖိုး ခွါး တို့ အ တွက် အ မိုး
ဖိုး ခွါး တို့ အေး မြ ဖို့ ပူ ပေး တဲ့ အ မိုး
ဖိုး ခွါး တို့ ခြောက် သွေ့ ဖိုး အ စို ခံ တဲ့ အ မိုး
ဖိုး ခွါး တို့ နွေး ထွေး ဖို့ အ တွက် အ အေး ခံ တဲ့ အ မိုး
ဖိုး ခွါး တို့ ၀မ်း ၀ ဖို့ အ တွက် အ ငတ် ခံ တဲ့ အ မိုး
ဖိုး ခွါး တို့ သိ က္ခာ အ တွက် အ ရှက် ခံ တဲ့ အ မိုး
ဖိုး ခွါး တို့ မျက် နှာ မ ငယ် ရ အောင် မျက် နှာ ခံ ရဲ တဲ့ အ မိုး
ဖိုး ခွါး တို့ ရှေ့ ရေး ဖြောင့် ဖြူး ဖို့ အ တွက် ကျော ခင်း ပေး တဲ့ အ မိုး
အ မှန် တော့
အ မိုး ဟာ ယုန် ငယ် လေး လို အ သဲ ငယ် သူ ပါ
ဒါ ပေ မဲ့
ဖိုး ခွါး တွေ အ တွက် ခြ င်္သေ့ လို ရဲ ရင့် ခဲ့ တယ်
တ ကယ် တော့
အ မိုး ဟာ အား ငယ် တဲ့ အား နွဲ့ သူ ပါ
ဒါ ပေ မဲ့
ဖိုး ခွါး တို့ အ တွက် အား မာန် အ ပြည့် ရှိ ခဲ့ တယ်
တ ကယ် တော့
အ မိုး ဟာ သေ ခြင်း တ ရား အ တွက် ပျို နု သေး တယ်
ဒါ ပေ မဲ့
ဖိုး ခွါး အ တွက် သေ ချင်း တ ရား ကို လက် ခံ ခဲ့ တယ်
ဒါ ပေ မဲ့
အ မိုး ဟာ ဘယ် တော့ မှ မ သေ
ကောင်း ကင် ဘုံ က နေ ပြီး တော့ သူ ချစ် တဲ့ ဖိုး ခွါး တွေ ကို ချစ် မြဲ ချစ် လျှက်
ထာ ၀ ရ ရှင် သန် လျှက်
ဒီ လို အ မိုး ကို ပိုင် ဆိုင် ရ တဲ့ အ တွက် ဖိုး ခွါး ဂုဏ် ယူ ပါ တယ် အ မိုး
ဒီ လို အ မိုး ကို ဖိုး ခွါး ဂုဏ် ပြု ပါ တယ် အ မိုး

Monday, May 10, 2010

DKBA 3

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ်၏ နေပြည် တော်-ရန်ကုန်ခရီးစဉ် ဗွီဒီယိုမှတ်တမ်း

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ်၏ နေပြည်
တော်-ရန်ကုန်ခရီးစဉ် ဗွီဒီယိုမှတ်တမ်း

Sunday, May 9, 2010

DKBA BGF 1, 2 , 3






တၓမၖလၖကပီၖတၓအိၗဖွိၗပွဲၖထီၗ13နံၗတၓစံးဘ်ုးယြၖ







တၓမၖလၖကပီၖတၓအိၗဖွိၗပွဲၖထီၗ(13)နံၗတၓစံးဘ်ုးတၓဘူၗတၓဘါ
တနံၖအံၖပတၓအိၗဖွိၗမၖလၖကပီၖဝဲတၓသူၗထီၗဆီလီၖသးဖဲအံၖပွဲၖထီၗတဆ
ံသၔနံၗ
အတၓစံးဘ်ုးတၓဘါၒတၓအိၗဖွိၗသရၗတိးဟၗမ့ၓပွၖပၔၖလီၓဆ့ၗနီၖလၔတၓဘ
ါတဘ်ီအ
ံၖဒီးတၓဆၔကတီၓဘၗဒီးလဲၖဝဲဒ္တၓရဲၗတၓက်ဲၖအသိးတကတီၓဃီတၓအိၗဖွိၗလၔတၓ
ကြဲမုၘတ
ဖၗတလၔကြံၘစမူရနၗန့ၗတၓအိၗဖွိၗအ၈ၖတဖၗဟဲထီၗမၖလၖကပီၖဝဲၒ


ပွၖဆွၔတၓဘါမ့ၓဝဲသရၗဒိၗ Dr.Alan Rice ဒီးဟ့ၗ၈ံၓဟ့ၗဘါဝဲလၔမုၓမဆ
ါတနံၖအံ
ၖတၓအိၗဖွိၗလိၗဘၗ
တၓအဲၗတၓကြံတၓဃူတၓဖိးဒိၗမးလီၖ႕ပကဘၗဝံသးစူၖလီၖသးထီဘိလၔပတၓ
အိၗမူအ
ပူၖၒတ၈ၖဒီးတ၈ၖတဟံၗဘၗတဟံၗပကဘၗက်ဲးစၔးသကိးလၔပတၓအိၗမူအပူၖ
လၔခရံၘဘ
ီမုၗတၓဒိၗထီၗလဲၖထီအဂီၓဒ္တၓသ့တၓလၗအိၗအသိးမ့ၓ၈့ၓလီၖ႕ဟီၗခိၗလ
ိၗဘၗ
တၓအဲၗတၓကြံစ့ၓကီးၒတၓအိၗဖွိၗအိၗဒီးခြါယၔၗဖးဒိၗလၔတၓစံးဘ်ုးအ၈ီၓအမဲၘည
ါသ၇ၗ
ဒိၗအဲၗဒနံၗထီတၓထုကဖၗအိးထီၗဒီးတၓထုကဖၗလၔပွဲၖလၔသရၗမုၗ
Joyce Rice မ့ၓ၈့ၓမ့ၓတၓလၔတၓပွဲၖခဲလၔၘလီၖ႕ဖဲတၓထၔဖွိၗတၓမၖဘူၗအဆၔကတီၓ
သရၗမုၗဒဘိရၗသးဝံၗဆၔ၈့ၖဆၔဝါလၔတၓသးဝံၗတယုၓဘၗထြဲဒီးတၓပၘဒိၗတၓယူး
ယီၗ
ယြၖလၔပတၓအိၗမူအပူၖထီဘိၒမ့ၓတၓသးဝံၗဆီၗထြဲတခူထီၗပတၓအိၗဖွိၗဖိတဖၗ
ဒ္သိးပ
တၓအိၗမူအက်ဲတဖၗကဒိၗထီၗအါထီၗဆူညါအ၈ီၓၒတၓသူၗဝံၗသးဆၔလၔအိၗဘွံးနံၖ
တၓ
မၖလိဖိတဖၗစ့ၓကီးမ့ၓတၓလၔတၓပွဲၖခဲလၔၘလီၖ႔မ့ၓလၔသရၗဒိၗၿဖဲး(Frank Farag)ဟဲထီၗတတုၖဘၗအဃိသရၗတိးဟၗမၖပွဲၖက့ၖအ
လီၓၒတၓသးဝံၗလၔခံကတၔၓဝံၖအလီၓခံသ၇ၗဒိၗ၇ွ့ခ့ၗဆိၗ၈့ၖပ်ၓတၓၒမူးတဘ်ီအံၖပ
ွၖဟဲထ
ီၗအိၗ(279)ဂၖလီၖ႕ပဆၔ၈့ၖဆၔဝါဘၗပတၓအိၗဖွိၗဖိကိး၈ၖလၔယြၖအတၓဆိၗ
၈့ၖဆ
ိၗဝါကလီၖဘၗပွၖတုၖတၓလၔတၓပွဲၖတစုၒ

Thursday, May 6, 2010

နအဖစစ်တပ်များ ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့

မတ်လ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် မတ်လ ၁၇ရက် နေ့မှ ယနေ့အချိန်ထိ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့ခဲ့သည် ဟု သိရသည်။ တောင်ငူခရိုင် ထန်းတပင်မြို့နယ်...
ဘောဂလိကြီးဂွင်တွင် လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၇) လက်အောက်ခံ ခမရ(၄၂၅)နှင့် ခမရ(၄၂၇)တပ်ရင်းတို့သည် ဘူဆာခီးမှ တောင်ငူအထိ ဖောက်လုပ်ထားသော ကားလမ်းကို ရှင်းလင်းရန် ကားလမ်းနံဘေးတလျှောက်တွင် အထက်မှ ညွှန်ကြား ချက်အရ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံများ မီးလောင်ကျွမ်းခံရခြင်းဖြစ်သည်ဟု ဒေသ ခံတဦးက ပြောသည်။

သူက “ဒီလ ၁၇ရက်နေ့ကနေစပြီး ယနေ့ ၁၉ရက်နေ့အထိ စကခ(၇) လက်အောက်ခံ တပ်ရင်း ခမရ (၄၂၅)၊ (၄၂၇) တပ်ဖွဲ့ဝင်တွေဟာ အထက်က ညွှန်ကြားချက်အရ ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင် က ကားလမ်းကို ရှင်းလင်းပစ်ရမယ်ဆိုပြီး ကားလမ်းနံဘေးပတ်ပတ်လည်မှာ မီးလိုက်ရှို့နေတယ်။ အခုထိ မီးသတ်လို့မရသေးဘူး။ ရွာသားတွေရဲ့ ဥယျာဉ်ခြံတစ်ရာကျော်ပါသွားပြီ”ဟု ပြောသည်။

အဆိုပါ နအဖစစ်တပ်များ၏ မီးရှို့မှုကြောင့် ထန်းပင်မြို့နယ် ဘောဂလိကြီး(ကလယ်လာ)ဂွင်ရှိ ပြောင်တို (မော်ဖားဒဲ)၊ ရေသိုးလေး(ကလေစိုးခီး)၊ ဒိုးဒို( ဒဲဒို)၊ ရေသိုးကြီး(ကော်သေးဒဲ) သစ်စေးတောင်(ကော်စိုးခို)၊ ဘောဂလိလေး(၀ါကလိုးခို)နှင့် ကျောက်ပုံ(လယ်ဂို)စသည့်ကျေးရွာများအပြင် ရွာပေါင်း ၁၀ကျော်မှ ဒူးရင်း ခြံ၊ ဖာလာခြံ၊ ကွမ်းသီးခြံ၊ ဓညင်းခြံနှင့် ကွမ်းခြံများ မီးလောင်ကျွမ်းခံရသည်ဟု သိရသည်။

၎င်းဒေသတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် အထက်ညွှန်ကြားချက်အရ ယခုလို လိုက်လံမီး ရှို့ဖျက်ဆီးခြင်းကို နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လျှက်ရှိသည်။ကရင်ရွာသားများ၏ ဥယျာဉ်ခြံများ မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ) တွဲဘက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူးက “နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲအတွက် တ ဖက်က ဘယ်လောက်ပဲ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေပေမယ့်လည်း ကရင်ပြည်နယ်ဘက်မှာ တပ်အင်အားတိုးချဲ့လာပြီး ဖျက်ဆီးသတ်ဖြတ်မှုတွေလည်း လုပ်ဆောင်နေဆဲပဲ။ သူတို့ရဲ့ဖွဲ့စည်းပုံ အခြေ ခံဥပဒေထဲမှာ တိုင်းရင်းသားတွေအတွက် ဘာတခုမှမပါဘူး။ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်စုခွင့်ဆို တာလည်း မရှိပါဘူး”ဟု ပြောသည်။

လွန်ခဲ့သည့် မတ်လဆန်းပိုင်းကလည်း ထန်းတပင်မြို့နယ် တိပ်ပုဂွင်တွင် လှုပ်ရှားနေသည့် စကခ(၇) လက်အောက်ခံ ခမရ(၂၆၁)တပ်ရင်းသည် လူနေအိမ် ၄လုံးအပြင် တိပ်ပု(ဖလေးဆာလို)၊ ပါတာလား မြောင်(တာဘာခီး)၊ မျောက်ချောင်း(ယယ်လို)၊ ဟန်သို(ကလောဘောဒဲ)။ ဘီဘဲ(ပေါ်ဖာ့)၊ ကန်ဘဲ့မြောင် (လေးဝန်လို)၊ ရေတံခွန်(ပလောမီးဒဲ) စသည့်ကျေးရွာများမှ ဥယျာဉ်ခြံ ဧက(၂၀)ကျော် အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သည်။

ကညီနံၗထီၗသီ ဆံးတနံၗ ၂ရ၄၉

နီၓလ့လ့ၗဖီအတၓအိၗဖ်ဲၗဆၔက့ၖအမုၓနံၖပွဲၖထီၗ(၁၆)ဝီတဝီတၓဘူၗတၓဘါ


တၓဆၔကတီၓ- ဝ၂။ဝ၅။၂ဝ၁ဝ
မ့ၓယြၖအဘ်ုးအဖွိၗသတးဒီးတ၈ီၖအံၖအဝဲခ်ုးန့ၓကဒီးတၓအိၗဖ်ဲၗဆၔက့ၖအသီတဝီဖဲကီၓအ
ီစႀထ့လယၗၒမူးတဘ်ီအံၖပွၖကတိၖဟ့ၗ၈ံၓဟ့ၗဘါမ့ၓဝဲတံသရၗဝ့လ္မဲတဘ်ီဃီအိၗ
ဒီးတၓထုကဖၗလၔဖိတ၈ၖအံၖအ၈ီၓတကတီၓဃီလၔဒီပုၓဝဲၓဒီးမုၓ၈ၓဖါတံၓလၔအိၗဘူးအိၗ
ယံၖတဖၗအဂီၓၒဖိမုၗတ၈ၖအံၖမ့ၓနီၗနီၗပွၖအဲၗတၓသးခုကစီၗတၓမၖတ၈ၖလီၖဖဲဟ


ဲတုၖဖဲအံၖန့ၗက်ဲးစၔးဝဲအ၈့ၓကတၔၓလၔတၓသးခုကစီၗအ၈ီၓထီဘိလီၖ႕ပွၖအါ၈ၖပႀတၔၖဘၗ
အီၖလီၖမုၓ၈ၓဖါတံၓတဖၗစ့ၓကီးအဲၗဘၗအီၖဒိၗမးလီၖ႕အဝဲမ့ၓဖိသၔ၈ၖတဂၖလီၖဒီပုၓဝဲတ
ဖၗအံၖမ့တမ့ၓလၔမိၓပၓအိၗသနၘက့တမ့ၓပွၖလၔအတူၓဃၗအသးတဖၗဘၗတသးဆံးနီ
တဘ်ီဘၗန့ၗအဖါတံၓဒိၗအုၗအသးလီၖတံၓၒအဒီပုၓဝဲၓတဖၗအံၖဒ္တၓမၔအီိၖတဘ်ီ
လၓလၓလၔတၓအိၗဖွိၗပူၖန့ၗတ၈့ၓလိၘဝဲနီတဘ်ီဘၗလီၖဒ္တၓသ့တၓလၗအိၗဒီးအီၖအသိး
က်ဲးစၔးထဲး၈ံၓထဲးဘါဝဲၒခဲအံၖစ့ၓကီးထီၗကဒီးဝဲတၓဒ့(casio)လၔသရၗမုၗအီကၔးအ
အိၗတႏြံခံသီတုၖသၔသီစ့ၓကီးလီၖပၘလီၖအသးလၔကက်ဲးစၔးဝဲဒ္သိးမုၓတနံၖကကဲဘ်ုးလၔ
တၓအိၗဖွိၗအ၈ီၓလီၖ႕တၓဘူၗတၓဘါဝံၖအလီၓခံဒုးအီၗပွၖလၔခီနီလၔလၔပွဲၖပွဲၖလီၖ႕ပဆၔ၈့ၖ
ဆၔဝါအီၖလၔဒ္အတၓတိၘသိးကလၔထီၗပွဲၖထီၗအ၈ီၓမ့ၓပတၓဆၔမုၓလၓအဒိၗအအါဃုၘဒီး
ဒီပုၓဝဲၓကိး၈ၖဒဲးၒ

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့်နအဖတပ်ဖွဲ့များစစ်ရေးတင်းမာမှုများ

ရဲရင့်

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ကေအန်ယူ-ကေအန်အယ်လ်အေ
ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာရှိ ဌာန
ချုပ်ကို နအဖတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ချေမှုန်းရန် စစ်ရေးပြမှုများ
လုပ်ဆောင်နေသဖြင့် တပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေသည်ဟု တပ်မှူးတဦးက
ပြောသည်။


အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ နောက်ဆုံးသတ်
မှတ်ရက်ဖြစ်သည့် ယနေ့တွင် နအဖတပ်များက ယခုကဲ့သို့ စစ်ရေးပြခြိမ်းခြောက်မှုများ
ပြုလုပ်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အဆိုပါတပ်မှူးက ပြောသည်။

အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်အပါအ၀င် တပ်ဖွဲ့ဝင်အများစုမှာ ယမန်နေ့မှ စတင်ကာ
၎င်းတို့၏ ယခင်တပ်စခန်းဟောင်းရှိရာ ထိုင်းနယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု
သိရသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို
လက်မခံနိုင်ကြောင်း ယခုလ (၂၂) ရက်တွင် နအဖ စစ်ဖက်ရေးရာအရာရှိချုပ်
ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာပေးပို့ခဲ့သည်။

အဆိုပါစာထဲတွင် အသွင်ပြောင်းမည့်ကိစ္စ လက်မခံနိုင်သည့် အကြောင်းများကို
အသေးစိတ်ရေးသားထားပြီး ကရင်အမျိုးသားထုအတွင်း စစ်မှန်သည့်ငြိမ်းချမ်းရေး
တည်ဆောက်၍မရဘဲ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေမှုများသည် နအဖစစ်
အုပ်စု၏ သပ်လျှိုဖြိုခွဲမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်ခြားစောင့်
တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဖြစ်စေ၊ မည်သည့်အသွင်ပြောင်းလဲမှုကိုမှ
လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နအဖဘက်မှမူ သတ်မှတ်ရက်အတွင်း အသွင်ပြောင်းရမည်ဖြစ်ပြီး လက်နက်များကို
အပ်နှံရမည်ဖြစ်ကြောင်း၊ အမိန့်မလိုက်နာသည့် အဖွဲ့များသည် မတရားအသင်းအဖြစ်
သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ကျေနပ်မှုမရှိပါက ယခင်လာ လမ်းအတိုင်း ပြန်သွား
နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နအဖဘက်မှ ဒေသတွင်း တပ်အင်အားများ ပိုမိုတိုးမြှင့်ကာ တပ်လှန့်ထားသဖြင့်

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကေအန်
အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

မြ၀တီမြို့ခံတဦးက “ဒီနေ့ မြ၀တီမှာ အောက်ကစစ်တပ်တွေ တက်လာတာ အတော်များတယ်။
မြ၀တီ ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်
နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့ တပ်လှန့်ထားတယ်
တဲ့” ဟု ပြောသည်။

ဒီကေဘီအေမှ တပ်မှူးတဦးက “ဒီကေဘီအေဗဟိုက နယ်ခြားစောင့်တပ်လုပ်ဖို့ သဘော
တူလိုက်ပေမယ့် တပ်မဟာ (၅) က ဗိုလ်လားပွယ်တို့ရဲ့ တပ်ရင်း (၉၀၆) နဲ့ (၉၀၇)
ဆိုရင် လုံးဝလက်မခံဘူး။ ဒီကေဘီအေ (၅၅၅) တပ်မဟာကလည်း သူတို့ လုံးဝ လက်မ
ခံဘူးလို့ ပြောတယ်။ ဒီတပ်တွေရှိတဲ့ နေရာတွေမှာ အခြေအနေက မကောင်းတော့ဘူး။
မြ၀တီမြို့ရဲ့ တောင်ဘက် မိုင် (၂၀) လောက်မှာရှိတဲ့ တပ်မဟာ (၅) အနားမှာ မြန်မာ
စစ်တပ်တွေချထားပြီး ဒီကေဘီအေကော သူတို့ကော တောင်ကုန်းတွေမှာ လက်နက်ကြီးတွေ
ဆင်ထားကြပြီ။ ကြည့်ရတာ မကြာခင်မှာ သေနတ်ပေါက်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်းဘက်သို့ ရွာသားအချို့ ယနေ့စတင်
တိမ်းရှောင်လျက်ရှိပြီး ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ
တိုးမြှင့်ချထားသည်။

ဒီကေဘီအေနှင့် နအဖတပ်များ ပစ်ခတ်မှုဖြစ်လုနီးပါး

ဧပြီလ ၂၆ရက်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူးကျေးရွာအနီးတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော်(ဒီကေဘီအေ)နှင့် နအဖ တပ်ဖွဲ့ဝင်များ ယနေ့မနက်ပိုင်းတွင် တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နအဖ အမှတ်(၉) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၁၀၆)တပ်ဖွဲ့သည် အဆိုပါကျေးရွာသားများအား သေနတ် ဖြင့် လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပေါ် ဒီကေဘီအေနှင့် နအဖတပ်များ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာသွားခဲ့ သည်ဟု တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်(နှုတ်ခမ်းမွှေး)က ကေအိုင်စီကို ယခုလို ပြောသည်။


“ဒီနေ့မနက် ၈နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ အခြေအနေ တင်းမာမှုနည်းနည်းဖြစ်သွားတယ်”ဟု ဆိုသည်။

ယင်းဖြစ်ပွားမှုမှာ ပစ်ခတ်မှုအထိ မရှိခဲ့သော်လည်း နအဖ တပ်ဖက်မှ ဖုန်းဆက်တောင်းပန်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် တဖက်နှင့်တဖက် မကျူးကျော်ကြရန် သတိပေး ပြောဆိုထားခဲ့ကြသည်ဟု သိရသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ရွာသားတဦးက “ကျနော် သိသလောက် နအဖဟာ နယ်ခြားစောင့်တပ်အ တွက် ဒီကေဘီအေကို ၂၄ရက်နေ့က လက်နက်အပ်ခိုင်းတာ မအပ်လို့ သိပ်မကျေနပ်ဘူး။ ခုအခြေအနေက သူတို့တွေ တဖက် နဲ့တဖက် အလစ်မပေးဘဲ စောင့်ကြည့်နေကြတဲ့ အနေအထားမှာရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ရက်နေ့က ဒီကေဘီအေတပ်များ နယ်ခြားစောင့်တပ်အဖြစ် နအဖတပ်ထံ လက်နက်အပ်နှံမည်ဟု ကြားသိရ သော်လည်း တပ်မဟာ(၉၉၉)မှ တပ်ရင်းမှူးတဦးက ၎င်းတို့အနေဖြင့် တပ်အင်အားစာရင်းကို ထိုနေ့တွင်ပင် အထက်သို့ ပို့ ဆောင်လိုက်ပြီဟု ပြောဆိုခဲ့သည်။

ယခုလ ၂၂ရက်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူရှိ ရွှေဂွန်းကျေးရွာအနီးတွင် နအဖတပ်များနှင့် ဒီကေဘီအေ တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နအဖဘက်မှ လူမှား၍ ပစ်ခတ်မိခြင်းဖြစ်ကြောင်း အကြောင်းပြပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရ သော်လည်း အတည်ပြုချက် မရရှိခဲ့ပေ။

ယင်းသို့ နအဖ တပ်များ၏ လူထုအပေါ် ပြုမူမှုများသည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် သက်ဆိုင်နိုင်သည်ဟု ခန့် မှန်းရပြီး အခြေအနေကြည့်ကာ လှုပ်ရှားရပ်တည်သွားရမည်ဟု ဗိုလ်မှူးကြီးစောလားပွယ်က ယခုလို ပြောဆိုသည်။

သူက “နအဖတွေ လူထုကို ဒီလိုလုပ်တာဟာ နယ်ခြားစောင့်တပ်ကိစ္စနဲ့လည်း ဆိုင်နိုင်တယ်။ သူတို့ အေးအေးဆေးဆေးလုပ် ရင် ကျနော်တို့လည်း အေးအေးဆေးဆေးပဲ။ ၂၈ရက်နေ့ကျရင်တော့ စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။

နအဖ စစ်အစိုးရသည် လာမည့် ဧပြီ ၂၈ရက်နေ့တွင် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အပြီး ပြောင်းလဲရမည်ဟု သတ်မှတ်ညွှန်ကြားထားခဲ့သည်။

နံၗအိၗဖ်ဲၗဆၔက့ၖဒီးတၓစံးဘ်ုးယြၖ


တနံၖအံၖသရၗကူၗသ့မၖလၖကပီၖက့ၖယြၖခီဖ်ိဖိခံ၈ၖပွဲၖထီၗနီၓအ့ၿဖ့ၗဖီ
(22)နံၗ,စီၖက်ိၗ၈့ၖမူပွဲၖထီၗ(18)နံၗတဘ်ီဃီတၓဟဲအိၗဟဲဆိးဖဲအံၖပွဲၖထ
ီၗသၔနံၗတၓစံးဘ်ုးယြၖတၓဘါၒသရၗဒဲနယၔၗစူဟ့ၗတၓကစီၗလုၓဒိၗပွ့ၖဒိၗ
လၔဒုးသ့ၗနီၗပွၖလၔပတၓအိၗမူအက်ဲတဖၗအိၗလၔယြၖအစုပူၖလီၖ႕

ပွၖပၔၓလီၓဆ့ၗနီၖမ့ၓဝဲသရၗမုၗအဲၗကလုၓဝ့,တၓထုကဖၗအလၔအပွဲၖမ့ၓဝဲ
သရၗ၈့ၖထူ,ဒီးပွၖဆိၗ၈့ၖပ်ၓတၓမ့ၓဝဲသရၗဒိၗခၕံးအ့ၒတၓဘါဝံၖအလီၓခံ
လုၓအီၗပွၖလၔ၈ီၖတၓအီၗတၓအီတဖၗၒပထံၗဘၗပွၖဒီပုၓဝဲၓခံ၈ၖအံၖ
အိၗစ့ၓကီးဒီး(Birthday cake)ဒီးနီၖလီၖဝဲဆူကယဲၓမ့ၓပွၖလၔအဟဲတဖၗလီၖ႔
ပစံးဘ်ုးဆၔ၈့ၖဘၗပဖိဒိၗမုၗဖိဒိၗခြါခံ
၈ၖလၔယြၖအတၓဆိၗ၈့ၖအါကလီၖဘၗလၔအဝဲသ့ၗအလိၖထူးထူးတီၖတီၖတကတီ
ၓဃီကခ်ုးန့ၓကဒီးအတၓအိၗဖ်ဲၗဆၔက့ၖအဝီတဖၗအဝီတဖၗမ့ၓပတၓဆၔ၈့ၖ
အဒိၗအအါၒ

နံၖကမွံသနၔၗ တၓပိၘထြဲ

တဘ်ီသးပွၓမုၗတ၈ၖအမံၖလၔဖံသးစူၖလီၖဒ္အသးစူၖအသိးထီၗပွၓဒီးပယီၖတ၈ၖလီၖ႕
အဝဲကီးနံၖဒဲးသိၗလိအဝၖလၔကညီက်ိၘလၔတၓသူၗဝံၗသး
ဆၔမ့ၓ၈့ၓလံၘစီဆွံအဆၔမ့ၓ၈့ၖလီၖ႕လၔခံအဝၖကတိၖကညီက်ိၘဘၗသးဝံၗတၓဘၗစ့ၓကီး
လီၖ႕ဘၗမုၓတနံၖပွၖဟဲကီးဘါယြၖလၔဟံၗတဖ်ၔၗအပူၖ

အဝဲကီးအဝၖလဲၖဒီးအီၖလီၖ႕အဝၖစ့ၓကီးဒ္အမါကီးအီၖအသိးလဲၖဒီးသရၗစံၗတဲၖတဲလီၖတၓ
ဝံၖတၓထုကဖၗလၔခံဒီးပွၖပ်ၓကြံၘလၔဒိကနၗစၓဧၔလီၖ
အဝၖစ့ၓကီးအဲၗဒိးသးဝံၗတၓဒ္ပွၖသိးအဃိသးဝံၗထီၗလၔအကလုၓဖးဒိၗဒ္အံၖ
ဒိကစၓနၖဧၔ-ဒိကစၓနၖဧၔကနၗကစၓပဃ့-ဒီးမၖမုၘပသးအၗမ့ၓ

တိုက်ပွဲခေါ်သံ




ဓါတ်ပုံ (ကေအိုင်စီ)

ရဲဘော်……..
ဇွဲကောင်းလိုက်ကြတာ
မွန်ဂို သဲချောင်းကလာကြတယ်
နယ်မြေတွေ ရေကြည်ရာမြက်နုရာ
ရှာဖွေ လာလမ်းတလျောက်
သံပေါက် ကဗျာများထားခဲ့ကြတယ်
ဇွဲကပင်တောင်က သက်သေပေါ့ကွယ်။


ရဲဘော်……..
ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင်
တနင်္သာ၊ ဧရာ
ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ
ကိုးဒီသွေးများကမ္ဘာ
ဒီမြေနေရာ တို့သာသခင်
အမှန်မြင်တတ်ကြစေ။

ရဲဘော်……..
မတရားတဲ့ ပဒေသရာဇ်
မတရားတဲ့အခြေအမြစ်မဲ့တွေ
မတရားတဲ့ မဟာရူးတွေကြောင့်
သမိုင်းနှောင့်သမိုင်းပျောက်
မီးတောက်တွေ ဝေနေကြတုန်း။

ရဲဘော်……..
ငါတို့မရိုင်းဘူး မရိုင်းဘူး
သမိုင်းအရပြောတာပါ။
ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့
ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ
စာနာမှု ရှေ့တန်းတင်
ညှာတာမှု ရှေ့တန်းတင်
ညီအစ်ကိုပင် သဘောထားခဲ့ကြလည်း။

ရဲဘော်……..
စုတ်လေ စုတ်လေ ငတ်မပြေ
ဖုတ်တစ္ဆေအာဏာရူးများ
လူပါးဝ နအဖငမိုက်ငပေ
အမြင်မှန်တွေဆိုက်စေဖို့
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။

(လင်္ကာဒီပ)



မှတ်ချက်။ ။ မှန်ကန်သော ကရင့်သမိုင်း၊ ပျောက်လုနီးပါး ကျန်နေသေးသော သမိုင်းအချက်အလက်အချို့ကို ပြန်လည်သိမ်းဆည်းရင်း ကရင်တမျိုးသားလုံး၏ ဘဝ ရပ်တည်မှုတွေအတွက် သက်စွန့်ဆံဖျားကြိုးစား တာဝန်ထမ်းဆောင်နေကြသော တော၊ တောင၊် အတွင်း၊ အပြင် အရပ်ရပ်မှ ကရင့်တော်လှန်ရေးသမားများအား ဤကဗျာလေးဖြင့် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။