Wednesday, March 5, 2014

Karen Peace and Burma Goverment 06/03/2014


 Print This Post
မင်းအောင်လှိုင်, တပ်မတော်, အာဆီယံ, ကာကွယ်ရေး
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၁၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ် ဆွေးနွေးပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – မေခ / ဧရာဝတီ)

တယ်လို့တော့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ပူးတွဲထုတ်ပြန်မှုမှာ ဖော်ပြပါရှိပါတယ်။
အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊
 

ငြိမ်းချမ်းရေးကို အရောင်မဆိုးကြစေချင်ခေါင်းစဉ်နဲ့  KIC သတင်းစဉ် အောက်တိုဘာ ၂၅ ရက် ၂၀၁၃ ခု အယ်ဒီတာအာဘော်နဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်

ဆောင်းပါး - Agga

- အယ်ဒီတာအာဘော်မှာ အင်းစိန်တိုက်ပွဲဖြစ်နေတဲ့အချိန်က ဦးနုအစိုးရ နဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးကိစ္စကိုရေးထားပါတယ်။
- ဦးနုအစိုးရက စစ်ရှုံးတော့မှာကို အချိန်ဆွဲနိုင်သမျှဆွဲဖို့ ရည်ရွယ်ချက်နဲ့ ကရင်ကိုငြိမ်းချမ်းရေး ကမ်းလှမ်းတာဖြစ်တယ်ဆိုတဲ့
ကြားအကဲခတ်သမားတွေရဲ့ မှတ်တမ်းတွေကိုဥပက္ခာလုပ်ပြီး ကရင်ဘက်က ငြိမ်းချမ်းရေးမလိုလားလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားတဲ့သဘော
အာဘော်မှာပြောထားပါတယ်။
- အင်းစိန်တမြို့ သာကျန်တဲ့ ဦးနုအစိုးရဟာ ကရင့်ထိုးစစ်ကို ကျော်လွှားနိုင်ဖို့  နည်းမျိုးစုံနဲ့ ကျိုးပမ်းခဲ့ရာမှာ ကရင့်စစ်ရေးမဟာမိတ်ဖြစ်နေခဲ့တဲ့
းနုအစိုးရနဲ့ လူမျိုးတူဖြစ်တဲ့ကွန်မြူနစ်ပါတီကို ဆွဲဆောင်စည်းရုံးဖို့ ရယ် တခြားတဘက်မှာလဲ အန္ဒိယနဲ့ အင်္ဂလန်ကစစ်ရေးအထောက်အကူတွေ
ရောက်လာဖို့ အတွက်ရယ် အချိန်ဆွဲဖို့ လိုနေတဲ့အခြေအနေမှာရှိနေတာဖြစ်တယ်။
-အင်္ဂလန်က မြန်မာပြည်ကိုလက်လွှတ်လိုက်ရပြီဖြစ်ပေမဲ့ ပုဂ္ဂလိက စီးပွားရှင်ကြီးတွေရဲ့ စီးပွားရေး
လုပ်ငန်းကြီးတွေမြန်မာပြည်မှာရှိနေဆဲမို့ ဒါကိုကာကွယ်ဖို့ ဦးနုအစိုးရကိုကူညီရမှာဖြစ်နေပါတယ်။

-အဲဒီအချိန်က ကရင်တွေအနေနဲ့ အင်္ဂလိပ်ရဲ့ အကျိုးစီးပွားပိုင်းကို တစုံတရာကြိုတင်အာမခံချက်ပေး
စည်းရုံးထားခြင်းမရှိတာလဲပါတယ်။ ဒီတော့ ဦးနုကိုကာကွယ်တာက အင်္ဂလိပ်အတွက်အသေခြာဆုံးလမ်းဖြစ်နေခဲ့တယ်။
-နောက်တခု နိုင်ငံရေးသဘာဝကိုတည့်စဉ်းစားဖို့ က ဦးနုကို အင်္ဂလိပ်က လွတ်လပ်ရေးလွှဲအပ်ခဲ့တယ်ဆိုတာက
အင်္ဂလိပ်စီးပွားရေးလုပ်ငန်းတွေကို အာဏာလက်လွှတ်လိုက်ရတဲ့အင်္ဂလိပ်အစား ကာကွယ်ပေးရမယ်ဆိုတဲ့
ကတိခံယူချက်တွေရှိကိုရှိခဲ့တယ်ဆိုတာပါ။ ငါတို့ ဗမာပြည်ကိုမင်းတို့ အင်္ဂလိပ်တွေလွတ်လပ်ရေးမပေးရင် နာဖို့ သာပြင်ဆိုတဲ့
ကိုယ်ရည်သွေးသမိုင်းမျိုးတွေကို သံရောင်လိုက်လို့ မရဘူး။ မြန်မာသမိုင်းမှာအဲလို သဘာဝလွန်
အူကြောင်ကြောင်အာလူးပူတီကြွားဝါရေးသားချက်တွေသိတ်များတယ်။ ဒါတွေကိုယုံရင်တိုင်းရင်းသားတွေမျိုးပြုတ်မယ်။
-အင်းစိန်ငြိမ်းချမ်းရေးစည်းဝေးနေတဲ့ အချိန် အိန္ဒိယကပို့ လာတဲ့ စက်လက်နက်ခဲယမ်းမီးကျောက်တွေကို သဘောင်္နဲ့တင်ပြီး ရန်ကုန်မြစ်၊ လှိုင်မြစ်
ကနေဖြတ်လာတယ်။ သဘောင်္အပေါ်ပိုင်းမှာ ဗုဒ္ဓဆင်းထုတော်ကြီးကို ဗန်းပြတင်ဆောင်ထားခဲ့တယ်။ ဦးနုတပ်တွေဆီပို့ ပေးတာလို့ 
သမိုင်းမှတ်တမ်းတချို့ မှာတွေ့ ခဲ့ဘူးပါတယ်။ ဒီကိစ္စကိုသိတဲ့ ရှေ့ မှီနောက်မီ ကရင်လူကြီးတွေကနေပြီး ဖြည့်စွက်ရေးသားပြောဆိုကြဖို့ 
ဒီနေရာကတိုက်တွန်းပါတယ်။
-ကျနော်တို့ အထူးသတိထားရမှာက မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက ကရင်အပါအ၀င်တိုင်းရင်းသားလူမျိုးစုတွေရဲ့ သမိုင်းအမှန်တွေ
မှေးမှိန်ပျောက်ကွယ်လုဖြစ်နေပြီဖြစ်တာပါ။ စစ်ရေး နိုင်ငံရေးမှာသာမက အဲဒီစစ်ရေးနိုင်ငံရေးပါဝါတွေကို အကာအကွယ်ယူပြီး လ၀က၊ ပညာရေး သမိုင်းရေးဌာနတွေကတိုင်းရင်းသားလူမျိုးစုတွေရဲ့ အခန်းကို သူတို့ စိုးမိုးရာနယ်ပယ်တွေကနေ ၀ိုင်းဝန်းမှေးမှိန်ဖျောက်ဖျက်နေကြတယ်။
-ဒီတော့ ငြိမ်းချမ်းရေးကိစ္စပြောကြရာမှာ ကိုယ့်လူမျိုးအပြစ်ဖြစ်သရောင်ပြောဆိုနေတာတွေကို ဆင်ဆင်ချင်ချင်လုပ်ကြဖို့ လိုတယ်။

၁၉၄၇ လွတ်လပ်ရေးကာလဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ပါတယ်ဆိုတဲ့ အခုလက်ရှိကရင်ပြည်နယ်ဟာ ဦးနုအစိုးရလက်ထက် ၁၉၅၅ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ မှာမှ
အတုအရောင်ပြည်နယ်အဖြစ် တရားဝင်နာမယ်တပ်ပေးခဲ့တာဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ကိုက်ညီတဲ့ ပြည်နယ်လုပ်ပိုင်ခွင့်တခုမှမရှိတဲ့
ဗဟိုကတိုက်ရိုက်ချုပ်ကိုင်တဲ့ ပြည်နယ်တုသာဖြစ်တယ်။
ဒါကြောင့် ကေအဲန်ဒီအိုဥက္ကဌမန်းဘဇန်ရဲ့ ထောက်ပြချက်ကို ကေအဲန်ယူ ဥက္ကဌစောဘဦးကြီးကလက်ခံ ပြီးဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့တာဖြစ်တယ်။
အဲဒီတုန်းက မန်းဘဇန်ပြောခဲ့တဲ့ စကားဟာ ဦးနုခေတ်မှာရော နေ၀င်းခေတ်မှာ ရော န၀တ နအဖခေတ်တွေမှာရော တသွေမတိမ်းမှန်ကန်ခဲ့ ပြီး ခုလဲ ဆက်ပြီးမှန်ကန်နေဦးမဲ့
သဘောကိုဘဲရှင်းရှင်းလင်းလင်းတွေ့ နေရတုန်းဘဲ။ မန်းဘဇန်ပြောခဲ့တာက “ခင်ဗျားကို ကရင်အချင်းချင်းမို့ ကျနော် တစ်ခုပြောမယ်၊
ကျွန်တော်တို့ ကရင်ပြည်နယ်ကို သူတို့ ဘယ်နည်းနဲ့မှ ပေးမှာမဟုတ်ဘူး။ ကရင်ပြည်နယ်ရဖို့က လက်နက်ကိုင် တိုက်ပွဲမှတပါး အခြားမရှိတော့ဘူး”

ခုလဲမန်းဘဇန်စကားကိုမယုံရင် လက်နက်ကိုင်တိုက်ပွဲလုပ်ဖို့ မလိုတော့အောင် လက်နက်ချကြည့်ပါ..
အငြိမ်းစား Mastermind ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ သမတဦးသိန်းစိန်ကနေ"မောင်မင်းအောင် မင်းအရမ်းတော်..
တော်တော့်ကိုတော်တဲ့ကောင်"ဆိုပြီး မြန်မာပြည်မှာရှိသမျှသူရဲခေါင်းဘွဲ့ မျိုးစုံချီးမြှင့်ပါလိမ္မယ်။ တခြားညီနောင်တိုင်းရင်းအဖွဲ့ 
အစည်းအားလုံးကိုလဲ သတိထားစေချင်ပါတယ်။

ကျနော့်အနေနဲ့အကြံပေးချင်တာက ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလွှတ်တော်ကနေ ဖက်ဒရယ်ပြည်ထောင်စုဥပဒေ
အဖြစ်မပြောင်းလဲသေးမခြင်းမြန်မာအစိုးရကို တိုင်းရင်းသားညီနောင်တွေက ယုံကြည်ရမယ့်အချိန်မရောက်သေးဘူးဆိုတာကို
တိုင်းတာတတ်ဖို့ ပါဘဲ။ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဆိုတက ကြက်ဥနဲ့ ကြက်မ ဘယ်ကစဆိုသလို ကိုယ့်စိတ်ကြိုက်သတ်မှတ်ယူလို့ မရဘူး။
ဖက်ဒရယ်ကနေစမှငြိမ်းချမ်းရေးဘက်ကမ်းကိုကူးနိုင်မယ်။ တနည်းဆိုရရင်ငြိမ်းချမ်းရေးဆိုတာကပန်းတိုင်ဖြစ်တာမို့ ဖက်ဒရယ်ဆိုတဲ့
သွားရာတံတားကိုမဖြတ်ဘဲမရောက်နိုင်ဘူး။ နောက်တနည်းဆိုရရင် ဖက်ဒရယ်ဆိုတာက ဆေး။ မငြိမ်းချမ်းတာက ရောဂါ။
အဲဒီတော့ ဖက်ဒရယ်ဆိုတဲ့ဆေးစားလိုက်ရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာဘဲ။
ငြိမ်းချမ်းရေးရပြီးဖြစ်နေမှတော့ ဖက်ဒရယ်ဆိုတဲ့ဆေးကို ဘယ်သူကစားဖို့ စိတ်ကူးဦးမလဲဗျာ...လိုမှမလိုအပ်တော့တာဘဲ...

ဒီကိစ္စက ကတုန်းထိတ်မှာ ပေါက်နေတဲ့နှင်းကူ တခုလို သာမန်မျက်စိနဲ့ကောင်းကောင်းမြင်နေရတာမို့ 
ဒီလောက်ရိုးရိုးစဉ်းစဉ်းဖြစ်စဉ်ကိုတောင်မှ မမြင်နိုင်ဘူးဆိုရင်တော့ အစစ်မပြောနဲ့ အတုအရောင်ပြည်နယ်ရသင့်တဲ့
အဆင့်တောင်မရှိဘူးလို့ တဘက်က သတ်မှတ်လာရင် သူ တို့ အလွန်မဆိုနိုင်ဘူးနော်ရဲဘော်....

No comments:

Post a Comment