Tuesday, March 11, 2014

Hard Gyi Dam and KNU and Church Song 12/03/2014

သံလွင်မြစ်ပေါ်က ဟတ်ကြီးရေကာတာနှင့် KNU.

မတ် - ၁၀ - ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

မြန်မာ-ထိုင်း-တရုတ် ပူးတွဲလုပ်ဆောင်ကြမဲ့ သံလွင်မြစ်ပေါ်က ဟတ်ကြီးရေကာတာစီမံကိန်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်က လက်ရိှနိုင်ငံရေးအခြေအနေများအရ လုံးဝခွင့်ပြုမှာမဟုတ်ဘူးဆိုပြီး ဖာပွန်ခရိုင်အတွင်းရေးမှူး ပဒိုစောကလယ်ဒို့ ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ သူတို့ခရိုင်ရဲ့သဘောထားရပ်တည်ချက်ကို အခိုင်အမာပြောဆိုခဲ့တာပါ။

)

ပဒိုစောကလယ်ဒို့ပြောတာက နိုင်ငံရေးဆွေးနွေးမှုနဲ့ဘာနိုင်ငံရေးအာမခံချက်မှ -မရှိသေးတဲ့အချိန်မှာ ဒီလိုမျိုးကြီးကျယ်တဲ့ စီမံကိန်းကိုခွင့်မပြုနိုင်ဘူး-နိုင်ငံရေးအရ အာမခံချက်ရှိလာတဲ့နောက်မှဘဲ အစိုးရနဲ့ညှိနှိုင်းပြီး-သူ့အကျိုးကိုယ့်အကျိုး ပြည်သူအကျိုးတွေကိုကြည့်ပြီးတော့ လိုအပ်မှသာ စပြီးလုပ်ဆောင်သွားဘို့ သဘောထားရှိတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေး တစုံတရာမရှိသေးတဲ့အချိန်မှာ ဒီစီမံကိန်းကိုခွင့်ပြုလိုက်ရင် လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဘဲအကျိုးရှိမယ် ဒေသခံတွေကတော့ ဘာအကျိုးခံစားခွင့်မှရရှိမှာမဟုတ်ဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့သလို-စီမံကိန်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သူတို့တပ်မဟာနဲ့ခရိုင်ကို လာရောက်ညှိနှိုင်းတာ
တွေလည်းမရှိဘူးလို့ ပဒိုကလယ်ဒို့ကဆိုပါတယ်။


)


ဒီဟတ်ကြီးရေကာတာစီမံကိန်းလုပ်မဲ့နေရာဟာ ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန်
မြို့နယ်အစမှာတည်ရှိနေတာဖြစ်ပါတယ်။

ဟတ်ကြီးရေကာတာစီမံကိန်းကို အရင်စစ်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဘို့ရှိနေပေမဲ့ နယ်မြေဒေသငြိမ်းချမ်းမှုမရှိတဲ့အတွက် ဒီကနေ့အထိ အလုပ်မဖြစ်သေးတဲ့ ရေကာတာစီမံကိန်းလို့ပြောရမှာပါ။


)


ဒီစီမံကိန်းကို လက်မခံတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေထဲမှာ KNU အပြင် DKBA
လည်းပါတယ်လို့သိရသလို- ဒေသခံတွေနဲ့အတူ မြစ်ချောင်းအင်းအိုင် စောင့်ကြည့်ရေး လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပါဝင်တယ်လို့
ကရင်မြစ်ချောင်းအင်းအိုင်း- စောင့်ကြည့်ရေးအဖွဲ့က စေဒေးဒေးကပြောပါတယ်။

အခုတင်ထားတဲ့ပုံတွေကတော့ ဖာပွန်ခရိုင်အတွင်းရေးမှူးပုံနဲ့ဘားအံမြို့နယ်အတွင်းမှာတွေ့ရတဲ့ သံလွင်မြစ်ကြောင်း ဖြစ်ပါတယ်။





No comments:

Post a Comment