Thursday, February 20, 2014

We are Burmese 21/2/2014



သမီးလေးအတွက် ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၈ရက်က မဟာဗန္ဓုလပန်းခြံရှေ့တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF)
နှင့် ဒီမိုကရေစီ အင်အားစုများမှ သမီး ကလေးကျေးရွာ ဖျက်သိမ်းခံရမှုနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲသို့ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများ အရပ် ဖက်အဖွဲ့အစည်းများ၊ သံဃာ တော်များ၊ သိမ်းဆည်း
ခံပြည်သူ များပါဝင်ခဲ့သည်ဟု သိရသည်။ 

ှWe are Burmese



“သမီးကလေးကျေးရွာသူ၊ ကျေးရွာသားတွေဟာ သူတို့ နာမည်ကိုတောင် မရေးတတ်ကြဘူး။
သူတို့သွေးနဲ့ချွေးနဲ့ရင်းပြီး စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လမ်းတွေကို လုပ်ခဲ့ရတာဖြစ်တယ်။
အခုတော့ သမီးကလေးကျေးရွာအပါအ၀င် အနီးအနားရှိ ရှာတွေပါ ပျက်စီးခဲ့ရတယ်။
ဒီလိုလုပ်တဲ့အတွက် အခုတော့ ဆင်းရဲသား ပြည်သူတွေ ဒုက္ခပေါင်းစုံနဲ့ လမ်းဘေးရောက်ခဲ့ရပါပြီ။
ပဲခူးတိုင်းဒေသကြီးမှာ မနေရဘူးဆိုရင် ရန်ကုန်တိုင်းဒေသ ကြီးမှာနေဖို့ ပေးဖို့လိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ မနေရဘူးဆိုရင် ပဲခူးတိုင်းဒေသကြီးမှာ နေဖို့ နေရာပေးဖို့လိုတယ်။
ပညာသင်ကြားနေတဲ့ ကလေးတွေရဲ့အနာဂတ်လည်း ပျောက်ဆုံးခဲ့ရပြီ။
ပြည်သူအင်အား ၅၀၀ ကျော် ဒုက္ခရောက်နေတာပါ။
ပြည်ထောင်စုဖွားတွေဟာ သူပုန်၊ ဓားပြတွေလည်း မဟုတ်ဘူး။
ဆင်းရဲသား ပပျောက်ရေးဆိုတဲ့ မူဝါဒကို ပြောနေပြီး အခုတော့ ဆင်းရဲသားတွေ ခွက်ပျောက်ကြရပြီ”
ဟု ဆန္ဒထုတ်ဖော်သည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဖေဖော်ဝါရီလ ၄ရက်က လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု သမီးကလေးကျေးရွာရှိ အိမ်ခြေ ၄၀၀
ကျော်ကို အင်အားသုံး ဖယ်ရှားရှင်းလင်းခံခဲ့ရခြင်းဖြစ်သည်။

အာကာဗိုလ်

http://www.hotnewsweekly.com/node/1815

ဆန္ဒပြပေမယ့် ကျွဲပါးစောင်းတီး ဖြစ်နေပါပြီဗျာ။
တော်ကြာ ကျွဲထခတ်လိုက်မှဖြင့် လက်ပံတောင်းတောင်က သံဃာတော်တွေရဲ့ အဖြစ်ထက် ဆိုးနေမယ်ဗျို့။
ဗမာစစ်အစိုးရက အဲဒီလိုလုပ်လို့မရဘူး။
ဗဒိုမန်းရှာပြောသလို သူတို့နားလည်တဲ့ဘာသာစကားမျိုးနဲ့ ပြောမှ နားလည်မယ့် စစ်အုပ်စုလေဗျာ။

No comments:

Post a Comment