Sunday, February 9, 2014

TNLA and Burma battle 10/02/2014



လူ့အခွင့် အရေးစစ်ပွဲ နှင့် အပြိုင် TNLA ဒေသတွင် တိုက်ပွဲပြင်းထန်လာ

အမျိုးသား အန္တရာယ် ဖြစ်လာနေသော ဘိန်းစိုက်ပျိုးရေးကို TNLA တပ်များ ဖျက်ဆီးနေပုံ အမျိုးသား အန္တရာယ် ဖြစ်လာနေသော ဘိန်းစိုက်ပျိုးရေးကို TNLA တပ်များ ဖျက်ဆီးနေပုံ ဓါတ်ပုံ(TNLA)
တအာင် လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ () လက်အောက်ခံ တပ်ရင်း (၃၆၇) မှ လှုပ်ရှား တပ်ဖွဲ့များ နှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ အခြေ ချ အမှတ် () စစ်ဆင်ရေး ကွက်ကဲမှု စစ်ဌာနချုပ် (စကခ) လက် အောက်ခံ ခလ ရ(၁၁၄) တို့ ယနေ့ ဖေဖော် ဝါရီလ ၉ ရက် နံနက် ၁၀း၀၀ နာရီ အချိန် တွင် မန်တုံမြို့နယ်တာဘန်း တောင်ကုန်း (မန် တုံ-နမ္မတူ ကားလမ်းမ) အနီးတွင်နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်များ သိမ်းဆည်း ရမိကြောင်း (TNLA) ပြန်ကြားရေး အရာရှိ ဗိုလ်အိုက်ကျော် မှ ဆိုပါသည်။
အစိုးရဖက် က () ဦးကျတယ် လို့ သိရတယ်။ ကျနော်တို့က သူတို့ရဲ့  M.A 1 သေနတ် (၄) လက်နဲ့ ကျည်ဆံ တရာ လောက် သိမ်းရတယ်လေ။ ဖြစ်ပုံကတော့ ကျ နော်တို့ ဒေသခံ တပ်တွေက မန်တုံ-နမ္မတူ ကားလမ်း မကို ဖြတ်နေတဲ့ အချိန်မှာ သူတို့လည်း ဘဲ မထင်မှတ် ဘဲနဲ့ ထိပ် တိုက်တိုးပြီး ပစ်ခတ်ကြ တာပါ။ အဲဒီမှာ ကျနော်တို့ ဦးတော့ သူတို့ ခံ လိုက်ရတယ်ဟု ဆိုပါသည်။
(TNLA) သည် ကားလမ်းဖြတ် ကူးချိန် ဖြစ်သည့် အတွက် သတိထား နေသည့် အချိန်တွင် ခလရ (၁၁၄)သည် ကား လမ်းဖြစ်သည့် အတွက် သတိလျော့ရဲ နေ သည့် အချိန်၌ ပက်ပင်း တိုးပြီး အငိုက်မိခဲ့ ခြင်းဖြစ် ပါသည်။ ပက်ပင်းတိုး သောနေရာရှိ ခလရ (၁၁၄) တပ်ဖွဲ့ () ဦးလုံး ကျဆုံးဖွယ် ရှိပြီး လက် တကမ်းဖြစ် သည့် အတွက် ယင်းတို့၏ လက် နက်များ ကို (TNLA) တပ်များက အရယူလိုက် ခြင်းဖြစ် ပါသည်။
တိုက်ပွဲသည် နာရီဝက်ခန့် ဖြစ်ပွားပြီး နှစ်ဖက်စလုံးမှ ပြန်လည် ဆုတ်ခွာ သွားကြ ခြင်းဖြင့် ရပ်စဲသွား ပါသည်။ ဤခလ (၁၁၄) မှတပ်ဖွဲ့များ သည် ယနေ့နံနက် ပိုင်း တွင်စစ်ကူပေး ရန် လာရှိုးမြို့ ဖက်မှ ရောက်ရှိလာသော စစ်ကား (၁၀) စီးမှ တပ်ဖွဲ့များဖြစ် သည်ဟု ဆိုပါသည်။
(TNLA) နှင့် အစိုးရ စစ်ဆင်ရေး တပ်များသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းနှင့် အတူ  အစိုးရ တပ်ဖွဲ့၏ လူ့အခွင့် အရေး ချိုးဖေါက် မှုများလည်း ကျူးလွန် ခံနေ ရကြောင်း ဒေသခံ များက ဆိုနေပါသည်။
ကျောက်မဲမြို့ အခြေချ  ခမရ (၅၀၂)စစ်ကြောင်းသည် ပြီးခဲ့သည့် အပတ်တွင်  ခိုမုန်း ကျေးရွာမှ တအာင်း သမီးပျို (၆) ဦးအား သားမယား အဖြစ် အတင်း အဓမ္မ ခေါ်သွားခဲ့ ရာတွင်  (၁)ဦးသည်  အသက်(၁၄) နှစ်သာ ရှိကြောင်း၊ ကျန်နှစ် ဦးသည် လားရှိုး မြို့နှင့် မန်တုံမြို့ဖက်သို့ သွားခိုင်းခဲ့ သဖြင့် ပျောက်ဆုံးနေ သည်ဟု ခိုမုန်း ကျေး ရွာသား တဦးက ဆို ပါသည်။
စကခ() လက်အောက်ခံ ခလရ (၁၁၅) တပ်ဖွဲ့များ သည် ခိုးမုန်း ကျေးရွာတွင် စခန်းချပြီး ခိုမုန်းကျေး ရွာကို တအိမ် တက်ဆင်း မွှေနှောက်ပြီး တန်ဖိုးရှိ သော ပစ္စည်းများ နှင့် ကြက်ဝက် ဘဲများကို သိမ်းယူခြင်း၊ မန်တုန်မြို့နယ် ဆိုင် လိန်ကျေးရွာ ဘုန်းကြီးပျံပွဲ ကို ပိတ်ပင်ခြင်း၊ ရွာဝင်ရွာ ထွက် တင်းကြပ်ခြင်း ၊မသင်ကာ ဟုဆိုပြီး မကြာခဏ စစ်ဆေးခြင်း၊ ပြုလုပ်နေ ပါသည်။ 
ဇန္န၀ါရီ (၁ရ) ရက် နေ့တွင် လည်း (စကခ-)မှ ခမရ (၅၀၂) တပ်ဖွဲ့များ သည် ဟိုမိန်း ကျေး ရွာ မှ အရပ် သား (၂)ဦးကို ပစ္စတိုသေ နပ် ဖြင့်ပစ် သတ်ခဲ့ ပြီး ကျန်(၂)ဦးကို သေနပ်ဖြင့်  ခေါင်းခွဲ ရိုက်နှက် ခဲ့သည့် အပြင် ဟိုမိန်းကျေး ရွာ မှ ဈေးဆိုင် တဆိုင်အား ၀င်စီး ရာ ငွေ  ကျပ်(၂၅)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ ဈေး ပစ္စည်းများ၊ အိမ်ပိုင် ပစ္စည်းများ၊ ဆန်နှင့် အခြားအစား အသောက်များ ကိုလုယူသွား သဖြင့် ခန့်မှန်း (၂၇) သိန်း ဆုံးရှုံး  ခဲ့ကြောင်း ဆိုပါ သည်။ 



Myanmar lethwei-Saw Shark Vs Erik Massion -(Germany)Belgium




စောငမန်း-ပါဝိ(ထိုင်း)ရဲ့ ထိုးသတ်ပွဲ(အသစ်)

တကယ်ကောင်းတဲ့ စောငမန်းနဲ့ ပါဝိတို့ရဲ့ ပွဲပါ။ ကြိုက်ကြမယ်လို့လဲ ထင်ပါတယ်။




 

No comments:

Post a Comment