Thursday, February 27, 2014

Burma Government Ashamed 28/2014

ဗမာစစ်အစိုးရ အရှိုက်ထိသွားပြီ

February 24, 2014
Friday

ဗမာစစ်အစိုးရ အရှိုက်ထိသွားပြီ

By မင်းစိုးစံ

လက်ဝှေ့ပွဲကြည့်ဘူးကြမှာပါ။ အထူးသဖြင့် အလံလုတဲ့ပွဲမျိုးမှာပေါ့။
ကျုပ်တို့ရွာမှာကတော့ အလံလုတယ်လို့ ပြောတာပေါ့၊ တနည်း သရဖူလုတဲ့ပွဲမျိုးတွေမှာဆိုလျင် ယှဉ်ပြိုင်ထိုးသတ်
ကြသူနှစ်ဦး တယောက်နဲ့တယောက် လူပုံအလည်မှာ လက်ဝှေ့စွမ်းပြိုင်ကြတာပေါ့ဗျာ။ ပွဲပြီးလျင်ပြီးတာပဲ၊ နှစ်ယောက်သားအရက်ဆိုင်မှာ မျက်နှာချင်းဆိုင်ပြီး ဘာမျှမဖြစ်သလို အရက်အတူတူ ထိုင်
သောက်တတ်ကြတာမျိုး။ (ကျုပ်တို့ရွာက လက်ဝှေ့သမားတွေကို ပြောတာနော်၊)

အခုလည်း ဘယ်သူက အခြေခံလူထုအပေါ်ကို ပိုပြီးကိုယ်ချင်းစာတရားရှိသလဲဆိုတာကို လက်တွေ့ပြိုင်ကြတဲ့ ပွဲ
လေးတပွဲလို့ မြင်မိပါတယ်။
သမီးကလေးကျေးရွာက အိမ်ထောင်စု ၁၅၇စုကိစ္စနဲ့ ဆက်စပ်ပြီး မြင်မိတာပါ။
DKBA က အဲဒီကလူတွေကို ဆုံစည်းမြိုင်မှာ သွားနေကြဘို့ကားတွေနဲ့သွားကြိုတာဗျို့၊ အဲဒါ ရွာသားတွေက အစိုးရ
ကိုစောင့်နေတာ အစိုးရက ဘာပြောမလဲ၊ ဘယ်လိုလုပ်ပေးမလဲပေါ့လေ။
ဘာကြောင့်လဲဆိုတော့ အစိုးရဆိုပေမယ့် အခြခံလူထုအတွက် အဆိုးတွေကိုသာ ရရနေကြလေတော့ ဘာပဲပြော
ပြောကြောက်နေရသေးတယ်လေ။ ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို သောင်းကျန်းသူအ
ဖျက်သမားဆိုပြီး သုံးစွဲခြောက်လှန့်လာခဲ့တာ အခုအချိန်အထိဆိုတော့ DKBA ကိုလည်းပဲ သိပ်မယုံရဲကြပြန်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် DKBA ရဲ့ ကားကြီးကားငယ်တွေနဲ့ လာခေါ်ပြလိုက်တာကို မြင်လိုက်ရတဲ့အခါမှာတော့ ဗမာစစ်
အစိုးရ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပါရောလားဗျာ။
မတ်ခ်ျလ ၁၇ရက်နေ့မှာ အပြီးပြောင်းရမယ်ဆိုပြီး ထုတ်ထားတဲ့ အမိန့်ကိုတောင်ပြန်ရုပ်လိုက်ရမလို ဖြစ်သွားတဲ့အ
ထိပဲမဟုတ်ပါလား။ ရွှေလက်နဲ့ခေါ်လို့မရလျင် ကျည်ဆံတွေ ကျွေးပစ်၊ ထမင်းတနပ်ထဲစားပြီး အကြွေးဆပ်၊ နယ်
လှည့်ပြီးပါးရိုက်တယ်၊ ဆိုတဲ့အစိုးရ၀န်ကြီးတွေကတော့ အတော်ကို ရှက်ပြီး၊ ဒေါသတွေ ငယ်ထိပ်ရောက်ကုန်တော့
တာပေါ့။

လက်ဝှေ့ကျော်တွေဆိုတာ ချက်ကောင်းကို ထိပေမယ့် ဟန်မပျက်ထိန်းနိုင်ပြီး ပြိုင်ဘက်ကို ဘယ်လိုထိုးသတ်ရ မလဲဆိုတာကို ခုန်ပေါက်ရင်း ကိုယ်ကိုယိမ်းထိုးရင်း အနားယူအားမွေးတတ်ကြတာမဟုတ်ပါလား၊ အခုလည်းပဲ DKBA ရဲ့ ပြင်းထန်လှတဲ့လက်သီးချက်ကြောင့် အထိနာသွားရတဲ့ ဗမာစစ်အစိုးရဟာ ဟန်မပျက်အားမွေးနိုင်ဘို့ စတင်လိုက်တဲ့ လုပ်ရပ်ကတော့ လှည်းကူးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စား လှည် ဦးလှသန်း ကဘီဘီစီကိုအခုလိုပြောပါတယ်တဲ့ဗျား။

ဘယ်လိုမျှသွားစရာလာစရာမရှိပြီးတော့မှ အောင်သိန္ဒိကျောင်းမှာမှီခိုပြီးတော့မှ အောင်သန္ဒိကျောင်းဆရာတော် ရဲ့ လက်ရှိကျွေးမွေးစောင့်ရှောက်မှုအောက်မှာနေထိုင်နေကြရတဲ့ ၁၅၇အိမ်ထောင်စုကို တိုင်းဒေသကြီးအစိုးရအနေနဲ့ စီစဉ်ပေးတာပါ။
ဝါးယားကုန်းရွာအနီးမှာရှိတဲ့ လယ်မြေကိုဝယ်ပြီးတဲ့အခါကျတော့မှ လယ်မြေကနေရွာမြေအဖြစ်နဲ့ နေရာချပေးမှာ
ပါ။
Please listen carefully


လယ်မြေကိုဝယ်မယ် ဆိုတဲ့စကားလုံးကို ကြည့်ကြပါစို့ ဘယ်ဈေးနဲ့ဝယ်မှာလဲ၊ ပေါက်ဈေးလား၊ စစ်တပ်သိမ်း ထား
တဲ့လယ်မြေလား၊ ရွာသားတွေပိုင်တဲ့ လယ်မြေလား၊ မိုးလည်းကျတော့မယ်၊ လယ်လည်းစိုက်ရခါနီးနေပြီ။ ဘုန်းကြီး
ကျောင်းမှာ အနည်းဆုံး ဒီတမိုးခိုပေတော့။
ဝယ်ပြီးသွားပြီဆိုပါစို့ လယ်မြေကနေ ရွာမြေဖြစ်အောင်လုပ်ဘို့ ဆိုတာကရှိသေးတယ်။ ဘယ်လောက်ကြာမလဲ ဆို
တာ မပြောတတ်။ အိမ်ဆောက်ဘို့အတွက် တသိန်းကနေ နှစ်သိန်းအထိ ဆိုက်ထုတ်ပေးမယ်ဆိုတော့ ပြန်ပေးစရာ
မလိုဘူးလား။ အကြွေးလား။
အကြွေးဆိုလျင် အတိုးမဲ့လား၊ အတိုးနဲ့လား၊ ဘယ်လောက်တိုးလဲ၊ ဘယ် နှစ်လအတွင်းအကြေဆပ်ရမှာလဲ၊ သတ်
မှတ်ထားတဲ့အချိန်အတွင်း အကြွေးကြေအောင်ပြန်မဆပ်နိုင်တဲ့ မိသားစုဆိုလျင် ဘာဖြစ်သွားမလဲ၊ အဲဒါတွေက
လည်း အခုရှုတ်မှ နောင်ရှင်းမှာ။

သမီးကလေးကျေးရွာသူ မချောစု ပြောသွားတာကတော့
ဟိုမှာကျတော့ အမတို့ကလူနေသလောက်ကလေးပဲ ပေးမှာလေ။ ပေ ၄၀ ပေ ၆၀အကျယ်ထဲမှာ အိမ်ဆောက်မယ်
ရေတွင်းတူးမယ် အိမ်သာကျင်းတူးမယ်ဆိုလို့ရှိ လျင် စိုက်ပျိုးစားဘို့မြေဆိုတာမရှိတော့ဘူး။
မလုပ်စားတတ်တဲ့နေရာဖြစ်တဲ့အတွက် အခက်အခဲတွေအများကြီး ကြုံရမှာ။
သူတို့တတ်နိုင်တဲ့ဘက်က ကူညီမယ်လို့တော့ပြောတယ်။
ဒါပေမယ့် ဒီရွာကလေးကိုတော့ များသောအားဖြင့် သမီးကလေးရွာမှာပဲနေချင်တာပေါ့နော်။
တကယ်လို့မှ မရဘူးဆိုတော့မှ သွားရမယ်။
မချောစုရဲ့ အပြောက အင်မတန်ကို ယျထာဘူတ ကျပါတယ်။ ဘယ်လိုလူမဆို ရေမြေသစ် နေရာသစ်မှာရောက်ခါ
စ ဘယ်လိုလုပ်ပြီး ချက်ခြင်းကြီးအနည်ထိုင်မှာလဲ၊ ကိုယ်က အဆင်ပြေတာမပြေတာအသာထား လောလောဆယ်
မှာ အိမ်ဆောက်ဘို့ငွေတသိန်းက ဘာလိုလိုကြီးနဲ့ ကိုယ့်ကိုချည်ထားတုတ်ထားပြီးသား။

ဟုတ်ပြီဗျာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြစ်သလိုနေပါ့မယ်လို့ ခံဝန်ချက်လက်မှတ်တွေထိုးပြီး ပြောင်းကြပါပြီတဲ့၊ ပြဿနာ
က သမီးကလေးကျေးရွာဆိုတဲ့ ရွာတရွာတည်းရှိတာမဟုတ်ဘူး။
လောလောလတ်လတ် အဖျက်ခံလိုက်ကြရတဲ့ လှိုင်သာယာ၊ တွံတေး စတဲ့ဘက်က ငြိမ်နေကြမှာလား။
ငြိမ်နေလျင်တော့ စစ်အစိုးရအတွက် အားမွေးချိန်ပိုရတာပေါ့လေ။ အားလေးပြည့်လာပြီဆိုတာနဲ့ ဘယ်လူလဲကွ ငါ့
လိုအကောင်ရဲ့ခွင်(ဂွင်)ကိုဖျက်တာဆိုပြီး အမျိုးမျိုး ညစ်ပတ်စုတ်ပဲ့ ပြပါတော့မယ်။
အဲဒီလို ညစ်ပတ်စုတ်ပဲ့တဲ့ ကလိန်ကကျစ်ဉာဏ်တွေထုတ်မသုံးနိုင်အောင် ပြိုင်ဘက်ထိသွားပြီလို့ယုံကြည်ရတဲ့ နေ
ရာတ၀ိုက်နဲ့ ထိရာမိရာတွေမှန်သမျှ အဆက်မပြတ်ဇယ်ဆက်သလို ထိုးနှက်သွားမယ်ဆိုလျင် မကြာခင်မှာ ပွဲပြီး
သွားပါလိမ့်မယ်။
ဒီထက်ချက်ကောင်းကျတဲ့နေရာကို ရှာထိုးမယ်၊ ဥပမာ အရှိုက်ကိုထိုးတာမလဲဘူးကွာ မေးရိုးကိုထိုးမယ်၊ နံဘေးကို
ထိုးမယ်၊ နားအုံကိုကန်မယ်၊ ဆိုပြီးရွေးထိုးရင်း စောစောပိုင်းတုန်းက ပြိုင်ဘက်ကို ယိုင်နဲ့သွားစေတဲ့ထိုးနှက်ချက်ကို
အလစ်မပေးပဲ ဆက်တိုက်ထိုးနှက်သွားနိုင်မယ်ဆိုလျင် ပြိုင်ဘက်အပေါ်အနိုင်ရဘို့အတွက် မခဲယဉ်းတော့ပါဘူး။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတာပေါ့ဗျာ။

DKBA က နယ်စပ်ကိုလာနေဘို့ခေါ်လိုက်လို့ အခုလို ဗမာစစ်အစိုးရက ကျုပ်တို့ကို ပေ ၄၀၊ ပေ ၆၀၊ ဆိုတဲ့မြေ
ကွက် စီစဉ်ပေးမယ်ဆိုတဲ့ အသံထွက်လာပြီ၊ ဘယ်အချိန်ကျမှ စီစဉ်ပေးမှာလဲ။ တလကြာမှာလား။ နောက်ထပ် တ
နှစ်ကြာမှာလား။ သုံးနှစ်လား။ လေးနှစ်လား။ တိတိကျကျမေးရမယ်။
ဆိုက်ပေးမယ်ဆိုတဲ့ငွေက ပြန်ဆပ်ရမှာလား။
ဒီနေရာမှာ အကန့်အသတ်နဲ့နေရမှာလား။
သားစဉ်မြေးဆက်လား။
စသည်ဖြင့်အသံတွေထပ်ထွက်လာဘို့လိုသလို အခြားဒေသက လူထုတွေကလည်း သမီးကလေးကျေးရွာက လူ
တွေကို မြေကွက်တွေစီစဉ်ပေးသလို ကျုပ်တို့ကိုလည်း စီစဉ်ပေးပါ ဆိုပြီး ထအော်ကြပြီဆိုလျင် ၂၀၁၅မှာ အခြေ
အနေပြောင်းလဲသွားနိုင်ပါလိမ့်မယ်။

No comments:

Post a Comment