အမျိုးသားအလံတော်အားအလေးပြုနေစဉ် |
နှင်းခဲကြားက စည်ကားသိုက်မြိုက်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ အော်ဘနီကရင်အမျိုးသားနှစ်သစ်ကူးပွဲ
အေးချမ်းတဲ့ ဇန္န၀ါရီ(၅)ရက်နေ့မှာ ကရင်အမျိုးသားတို့အမြတ်တနိုးတန်ဖိုးထားကြတဲ့ နေ့ထူးနေ့မြတ် ရဲ့ ထိပ်ခေါင် အမျိုးသားနှစ်သစ်ကူးနေ့ကို အံ့သြဖွယ်ယဉ်ကျေးမှုနောက်ခံနဲ့ စည်စည်ကားကား ကျင်းပ ပြီးစီးသွားပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊(၄)ကြိမ်မြောက် အော်ဘနီကရင်အမျိုးသားနှစ်သစ်ကူး
အခမ်းအနားမှာ အဝေးရောက်ကရင်လူမျိုးတို့ရဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ စည်းလုံးခြင်းခွန်အားတွေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတဲ့အပြင် တမူထူးခြားစွာ ရှုမငြီးနိုင်တဲ့ ယဉ်ကျေးမှုကကြိုးကဟန်တွေက လည်း ဘာသာခြားတွေရဲ့ ချီးကျူးထောပနာပြုခြင်းကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
မနက်(၉)နာရီမှ ညနေ(၃)နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့တဲ့ ကရင်နှစ်၂၇၅၃-ခုနှစ်ရဲ့ နှစ်သစ် အခမ်းအနားကို ပွဲတော်ကျင်းပရေးကော်မတီ(၅)ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့အပြီးမှာ အမျိုးသား အလံတော်နဲ့ အမျိုးသားသီချင်းကို ပြိုင်တူသီဆိုအလေးပြုခဲ့ကြပါတယ်။
ကရင်လူမျိုးဆင်းသက်လာပုံနဲ့ အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို စောကျော်ဘော (စောမျိုးလွင်)မှ ပြောကြားခဲ့ပြီး နှစ်သစ်သ၀ဏ်လွှာဖတ်ကြားခြင်းနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် အသီးသီးတို့က အားပေးစကားပြောခဲ့ကြပါတယ်။
ယဉ်ကျေးမှုကဏ္ဍ တင်ဆက်မှုမှာတော့ ရိုးရာစောင်းကောက်ကို စောပညာစက္ကနဲ့ နန်းဝါ၀ါတို့က ငြိမ့်ညောင်းစွာနဲ့ လက် စွမ်းပြ တီးခတ်သီဆိုခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရိုးရာဆူးထိုးအက၊ အုပ်စုလိုက်ဒုံးအကတွေကို ကပြဖျော်ဖြေခဲ့ကြပါတယ်။
၂၇၅၃ နှစ်၊ (၄)ကြိမ်မြောက် အော်ဘနီကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားမှာ မြို့ခံများအပြင် ယဉ်ကျေးမှုနည်းပြဆရာ ဆရာမောင်မောင် Hart Ford အဖွဲ့နဲ့ စောသိန်းဝင်းဦးစီးတဲ့ Belfflo အဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မကြာခင် ရုပ်သံများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အလံတော်ကို လက်ဆင့်ကမ်းသယ်ဆောင်လာစဉ် |
USCRI director - Miss Jill Peckenpaugh မှ အားပေးစကားပြောကြားနေစဉ် |
ဦးပညာစက္ကမှ စောင်းကောက်ဖြင့်တီးခတ်သီဆိုနေပုံ |
ကဲုးကဲုးနိုဝ်အဖွဲ့ |
ကရင့်အကတမျိုး |
နန်းဝါ၀ါမှ ရိုးရာစောင်းကောက်ဖြင့်တီးခတ်သီဆိုနေစဉ် |
Jolene Roo senberg မှ ဟောပြောနေစဉ် |
Albany ကလေးငယ်များ ကပြနေစဉ် |
ထိုင်းနယ်စပ်မယ်တော်ဆေးခန်းတွင် (၁၂)နှစ်ကြာကုညီခဲ့သော Dr. Terrace Smith မှ အတွေ့အကြုံကို ရှင်းလင်းပြောကြားနေစဉ် |
ကရင်နီမှ ပါဝင်ကပြနေစဉ် |
ယဉ်ကျေးမှုနည်းပြဆရာ ဆရာမောင်မောင်မှ ကရင့်လက်နက်ကိုင်အဖွဲ့များပေါင်းစည်းနေကြချိန်မှာ ကရင်လူထုလည်း စည်းလုံးဖို့လိုအပ်သည့်အကြောင်း ပြောကြားနေစဉ် |
Hart Ford အဖွဲ့မှ ကပြနေစဉ် |
No comments:
Post a Comment