Tuesday, December 10, 2013

VERY PAINFUL: BEWARE!!(DISTURBING CONTENT) 11/12/03

ဖိလစ်ပိုင်အမျိုးသမီး အိမ်ဖော်မလေးက ယေရှုခရစ်တော်ကိုသာ ကယ်တင်ရှင် ဖြစ်ကြောင်း ပြောသဖြင့် အိမ်ရှင် ဆော်ဒီမိသားစုက သူမ၏ ပါးစပ်နှင့် ဘယ်ဘက်မျက်ခမ်းများကို ပလတ်စတစ်ကြိုးနှင့် ချုပ်၍ အပြစ်ပေး



 စက်တင်ဘာ ၁၇ ရက်နေ့က အောက်ပါမူရင်းပို့စ့လင့်မှာ တင်ထားတာတွေ့ရပါတယ်။ ဖိလစ်ပိုင်အမျိုးသမီးငယ်တစ်ဦး ဆော်ဒီအာရေဗျနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူမ ခရစ်ယာန်ဘာသာကို ကိုးကွယ်တာ၊ ယေရှုခရစ်တော်ကို ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြားချက်တွေကြောင့် သူမအနေဖြင့် ထိုသို့ နောက်နောင် မည်သည့်အခါမှ မပြောနိုင်တော့အောင် သူ့အိမ်ရှင် ဆော်ဒီကြီးက သူမ၏ ပါးစပ်ပေါက်ကို ပလတ်စတစ်ကြိုးဖြင့် ပုံပါအတိုင်း ချုပ်ပိတ်စေရန် သူ့လူများကို စေခိုင်းခဲ့ပါတယ်။

 ထိုမျှမက သူမကို မှတ်လောက်သားလောက်အောင် ပညာပေးနိုင်ရန်ဟူ၍ ဘယ်ဘက်မျက်လုံးကိုပါ ပလတ်စတစ်ကြိုးဖြင့် ချုပ်လုပ်စေခဲ့ပါတယ်။

 ဤပုံကို မူရင်း တင်ပြထားသူမှာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ၎င်းညှဉ်းပန်းနှိပ်စက်ခံရသော ခရစ်ယာန်အမျိုးသမီးငယ်အတွက် ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

 VERY PAINFUL: BEWARE!!(DISTURBING CONTENT)

GIRL'S mouth and eye SEWN for professing her SALVATION!! This young lady had her mouth and left eye sewn with plastic threads for professing her salvation. The young Girl, who was a servant in Sudi Arabia sought to serve God and professed that Jesus Christ is her personal savior. This did not go well with her master who ordered his men to sow her mouth so that she will neer say that again. Her left eye was sewn too, as a warning. This is the highest level of religious intolerance in the Arab world. As we end Eli's 10 days declard fasting,Let us pray for her to be healed and be saved from her pains.Link:

ထိုင်းရွေးကောက်ပွဲ ဘတ်ငွေ ၃၈ ဘီလီယံ ကုန်ကျမည် 

 ရွေးကောက်ပွဲ ပြန်လုပ်ပေးမည့်အစီအစဉ် ထိုင်းဘုရင် အတည်ပြု


                           ထိုင်း ဘု၇င် ဘူမီဘေါ ထိုင်းေ၇ႜးကေါက်ပွဲအတွက်အတည်ပြု



ထိုင်းဝန်ကြီးချူပ်၇ှင်လပ်ေ၇ွးကေါက်ပွဲအသစ်ပြုလုပ်မည်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံတော်အလံကိုသာ
ဦးညွှတ်ခဲ့ဖူးတဲ့ ငါ့ဦးခေါင်းက
မင်းကို
အလိုလို ဦးညွှတ်မိပါရဲ့။

မင်းဟာ အာရှမှာ
စံနမူနာကောင်း ပေးသွားခဲ့တယ်။
ရွေးကောက်ပွဲမှာ ပြန်ဝင်ရင်လည်း
နိုင်မှာသိရက်နဲ့
ဝင်မရွေးတော့ဖူးလို့ ပြောသွားတယ်။
ထိုင်းနိုင်ငံရဲ့ ပုံရိပ်လှဖို့
ကျွန်မဆင်းပေးပါမယ် ဆိုတဲ့
သမိုင်းဝင်စကား မင်းပြောသွားတယ်။
မင်းအဖြစ်ကို
ကဒါဖီ တွေ့မသွားဘူး။
ဆတ်ဒန်ဟူစိန်တွေ့မသွားဘူး။
အာရှရဲ့ စံပြအဖြစ်
သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။
စစ်ဗိုလ်ချုပ်တွေဆိုတဲ့
ယောက်ျားရင့်မကြီးတွေတောင်
မစွန့်လွတ်နိုင်တဲ့ အလုပ်
မင်းလုပ်ပြသွားခဲ့တယ်။
ဒီနေ့ဟာ
စွန့်လွှတ်ခြင်းအလှကြောင့်
မင်း ပိုလှလာတဲ့နေ့.......
ငါ့ဦးခေါင်း
အလိုလို ဦးညွှတ်မိတဲ့နေ့....
လူသားတစ်ယောက်ရဲ့ အဓိပ္ဗါယ်
ပိုမိုပြည့်စုံတဲ့နေ့.......
မင်းကြောင့်
ငါတို့နိုင်ငံက ခေါင်းဆောင်တစ်ချို့
အရှက်ရတဲ့နေ့.......။ ။


From: Myint Htun
 ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့် အစီအစဉ်ကို ဘုရင် ဘူမိဘော အဒူယာဒတ်က အတည်ပြု ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့အစီအစဉ်ကို ဘုရင်ကြီးက အတည်ပြုတဲ့အကြောင်းကို တော်ဝင် ဂေဇက် (Royal Gazette)သတင်းစာမှာ ဖော်ပြ ထားပါတယ်။

                                          လူထုေ၇ွးကေါက်ပွဲအသစ် တေါင်းဆို

ဘန်ကောက် ဒီဇင်ဘာ ၁၀

ဖေဖေါ်ဝါ၇ီလ ၂ ရက်နေ့တွင် ကျင်းမမည့် ထိုင်းအထွေထွေ ရွေးကောက်ပွဲအတွက် အစိုးရဘတ်ဂျက်မှ ဘတ်ငွေ ၃၈ ဘီလီယံ ကျခံသုံးစွဲသွားရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး Puchong Nutrawong က ပါတီများမှ ကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၃ မှ ၂၇ အတွင်း ပြုလုပ်ရမည်ဖြစ်ပြီး မဲဆန္ဒနယ်အလိုက် မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၈မှ ဇန်န၀ါရီ ၁ရက်နေ့အတွင်း ပြုလုပ်ရမည်ဟု ဆိုသည် ။

ဇန်န၀ါရီလ ၂၆ရက်နေ့ ကြိုတင်မဲပေးရန်ရက်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည် ။ ထိုင်းနိုင်ငံတွင် မဲပေးခွင့်ရှိသူ ၄၈ သန်းရှိကြောင်း Puchong Nutrawong က ပြောသည် ။ ပြင်းထန်လာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ကာ ထုတ်ပြန်ကြေညာခဲ့သည် ။

သို့ရာတွင် အစိုးရသစ်ကို အာဏာလွဲအပ်ခြင်း မပြုနိုင်မီ အထိ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲအဖြစ် ယင်လတ် တာဝန်ယူမည့်အပေါ် ဆန္ဒပြလူထူက မကျေနပ်ဘဲ အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မီအထိ လူထုကောင်စီတစ်ခု ဖွဲ့စည်းကာ ကြီးကြပ်စေရေး ၊ ပြည်ပတွင် နေထိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အမျိုးအနွယ်များအားလုံးကို နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု မပြုစေရေးအတွက် နောက်ထပ် ၃ ရက်ကြာ ဆန္ဒဖေါ်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားရန် ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban က တိုက်တွန်း လှုံ့ဆောင်ထားသည်။

ထို့အတူ ယင်လပ်ကလည်း ယနေ့မနက်တွင် သူမအနေနှင့် ဆန္ဒပြသမားတို့၏ ယခုတောင်းဆိုချက်ကိုမူ မလိုက်လျောနိုင်တော့ဘဲ ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် အစိုးရသစ်ကို အာဏာ လွဲအပ်နိုင်သည့်အချိန်အထိ တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့သည် ။

No comments:

Post a Comment