Monday, November 18, 2013

Meat and Vegetables for health 19/11/2013

သင့်ကျန်းမာရေး အစာလည်းဆေး



သင့်ကျန်းမာရေး အစာလည်းဆေး

2013-11-18

ကျန်းမာခြင်းဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ လာဘ်တစ်ပါး ဖြစ်ပါတယ်။
ရောဂါဘယမျိုးစုံကြားက ဒီနေ့ကမ္ဘြာကီးမှာ ထာဝစဉ်ကျန်းမာရေးကောင်းနိုင်ဖို့ဆိုရင် ကြိုတင်ကာကွယ်ရေးနည်း
လမ်းတွေကို သိရှိလိုက်နာဘို့ သိပ်ကိုအရေးကြီးလှပါတယ်။
အဲဒီလိုနည်းလမ်းတွေထဲကမှ နေ့စဉ်သုံးအစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးနိုင်မှုဟာလည်း ကျန်း
မာရေးအတွက် နည်းလမ်းတသွယ်ဖြစ်ပါတယ်။
အစားအစာတွေရဲ့အာနိသင်ကိုသိရှိပြီး လက်တွေ့ကျင့်ကြံမယ်ဆိုရင် အစာစားတာဟာ ဆေးတစ်မျိုးကို အလိုလိုမှီ
ဝဲလိုက်သလိုပါပဲ။
ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်စေဖို့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေမယ့် အကောင်းဆုံး
အစားအစာစာရင်းကို တင်ဆက်လိုက်ရပါတယ်။

အကောင်းဆုံး ဟင်းသီးဟင်းရွက်
အာဟာရဓါတ်များပြားပြီး ကင်ဆာရောဂါကိုလည်း ခုခံနိုင်တဲ့ဟင်းသီးဟင်းရွက်ကို အကောင်းဆုံးသော ဟင်းသီး
ဟင်းရွက်လို့ ဆိုနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်များစွာထဲကမှ ကဇွန်းဥဟာ ဗီတာမင်ဓါတ်များပြားပြီး ကင်ဆာကိုလည်း ခုခံနိုင်လို့ ဟင်းသီးဟင်း
ရွက်ရဲ့ ပထမတန်းစားနေရာမှာ ရှိပါတယ်။
ကင်ဆာကိုခုခံနိုင်တဲ့ဟင်းသီးဟင်းရွက်တွေကတော့
မျှစ်နီ၊
အစိမ်းရောင် ဂေါ်ဖီပန်း၊
ဂေါ်ဖီထုပ်၊
ဂေါ်ဖီပန်း၊
တရုတ်နံနံပင်၊
ခရမ်းသီး
ငရုတ်သီး(အစပ်မဟုတ်) တို့ ဖြစ်ပါတယ်။

အကောင်းဆုံး သစ်သီးများ
သစ်သီးထဲမှာ ဗီတာမင်ဓါတ်၊ အမျှင်ဓါတ်၊ သတ္တုဓါတ်၊ ကယ်လိုရီ စတာတွေကိုပေးစွမ်းနိုင်တဲ့ အာဟာရ အကောင်း
ဆုံးသစ်သီးအမည်စာရင်းထဲမှာ
သင်္ဘောသီး၊
သခွါးချိုသီး၊
စတော်ဘယ်ရီသီး၊
လိမ္မော်သီး၊
ရှောက်သီး၊
စောင်းလျားသီး၊
သရက်သီး၊
ဘင်္ဂလား ဆီးသီး၊
တည်သီး၊
ဖရဲသီး တို့ ဖြစ်ကြပါတယ်။

အကောင်းဆုံး အသားဟင်း
ငန်းသားနဲ့ ဘဲသားထဲမှာ ပါတဲ့အဆီဓါတ်ပမာဏဟာ ဝက်သား၊ အမဲသားနဲ့ ဆိတ်သားထက် မနည်းပေမယ့် ဓါတု
ပစ္စည်းကတော့ သံလွင်ဆီနဲ့ နီးစပ်ပြီး ကျန်းမာရေးအတွက် (အထူးသဖြင့် နှလုံးအတွက်) အကျိုးရှိပါတယ်။
ဂျာမဏီပညာရှင်များကတော့ကြက်သားကို ပရိုးတင်ဓါတ်ရဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကြက်သားထဲမှာ ပါရှိတဲ့အဆီဓါတ်ဟာ အမဲသားထက် အများကြီးနည်းပါတယ်။
ယုန်သားဟာ အသားအရည်ကို နူးညံ့လာစေနိုင်ပြီး ဝိတ်လျှော့ဘို့အတွက်လည်း အကျိုးရှိနိုင်ပါတယ်။
ဒါ့အပြင် ငါးစားရင် ဦးနှောက်နဲ့ နှလုံးအတွက် အကျိုးရှိနိုင်တာကြောင့် ငါးဟာလည်း အသားဟင်းစာရင်းရဲ့ ထိပ်ဆုံး
နေရာမှာ တည်ရှိနေပါတယ်။

ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓါတ်နဲ့ အယ်လ်ကာလိုင်းဓါတ် ညီမျှလာစေနိုင်တဲ့အစားအစာ
အသား၊ ကြက်ဥဘဲဥ၊ ဆန်၊ ဂျုံမုန့်၊ သကြား စတဲ့ လူတွေအဓိက,စားနေကြတဲ့ အစားအစာတွေကို အက်ဆစ်ဓါတ်
အစားအစာလို့ ခေါ်ပါတယ်။
အဲဒီ အစားအစာတွေကို အစာချေပြီးတဲ့နောက် သွေးထဲမှာ အက်ဆစ်ဓါတ်တိုးလာစေနိုင်လို့ ကျန်းမာရေးကို ထိ
ခိုက်တတ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓါတ်နဲ့ အယ်လ်ကာလိုင်းဓါတ် ညီမျှလာစေနိုင်ဘို့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နွားနို့၊ အ
စရှိတဲ့ အယ်လ်ကာလိုင်းဓါတ် အစားအစာတွေကိုလည်း စားရပါတယ်။
အယ်လကာလိုင်ဓါတ်အစားအစာတွေထဲမှာ ပင်လယ်ရေညှိဟာ အယ်လ်ကာလိုင်းဓါတ် အများဆုံးပါရှိလို့ အယ်လ်
ကာလိုင်းဓါတ်အစားစားရဲ့ ချန်ပီယံလို့ လူတွေက အမွှန်းတင်ခေါ်ဝေါ်နေကြပါတယ်။
သီတင်းပတ် တစ်ပတ်အတွင်း ပင်လယ်ရေညှိ ၃ ခါ၊ ၄ ခါလောက်စားရင် သွေးထဲမှာ အက်ဆစ်ဓါတ်နဲ့ အယ်လ်ကာ
လိုင်းဓါတ် ညီမျှမှုကို ထိန်သိမ်းထားနိုင်တယ်လို့ အာဟာရပညာရှင်တို့က ဆိုပါတယ်။

No comments:

Post a Comment