သံတွဲကိစ္စ မလေးရှားမှာ ရိုက်ခတ်
Saturday, 05 October 2013
ဆဿကတီဿ္ခဲအံၯတဿ္ပူထီဢ္ကဒါက့ၯဘဢ္ထြဲဒီး၇ခဿဢ္ပွၯမူၯစလ့ဢ္ဖိသ့ဢ္တဖဢ္ဘဢ္တဿ္မၯသံဒီးဒြဲဢ္အူ
ကြံာ္အဟံဢ္အဃိီဒီးကဲထီဢ္ကဒီး၀ဲတဿ္ကီတဿ္ခဲအဆဿကတီဿ္အံၯအဖီခိဢ္န့ဢ္လဿကီဿ္မလ့၇ွါတခီပွၯ
မူၯစလ့ဢ္သ့ဢ္တဖဢ္တသးမံ၀ဲဒဢ္အဖီခိဢ္ဒုးနဲဢ္ဖ်ါထီဢ္ကဒီး၀ဲလဿအထီဒါပဒိဢ္တဖုအံၯအ၈့ဿ္အက်ိၯ
န့ဢ္လီၯ။ပွၯကီဿ္ပယီၯဖိလဿအအိဢ္ဆိး၀ဲဒဢ္ဖဲကီဿ္မလ့၇ွါတဖဢ္ဘဢ္ယိာ္အါထီဢ္ကဒီးတဿ္လံအဃိန့ဢ္
လီၯ။ဟီဢ္ခိဢ္ခ်ဿတဿ္ကစီဢ္စ့ဿ္ကီးပာ္ဖ်ါထီဢ္၀ဲဒဢ္လဿပယီၯပဒိဢ္တဖုအံၯတဟံး၈့ဿ္၀ီလီၯတံဿ္လီၯဆဲး
ဘဢ္အဃိတဿ္အံၯတဿ္ဘဢ္ယိာ္အိဢ္ထီဢ္၀ဲဒဢ္သ့လဿတဿ္၇့လိာ္မုာ္လိာ္ဒီးကီဿ္လဿမူၯစလ့ဢ္သ့ဢ္တဖဢ္
အိဢ္၀ဲဒဢ္န့ဢ္လီၯ
သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။
မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။
အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။
မူ.အဲက၀်October 6, 2013 at 11:56 PM
ဆီးရီးယားမှာကော
ပြည်ပနိုင်ငံတွေ အထိမသက်ရောက်စေဘူးလား သူတို့တွေကမှ မြို့နဲ့ချီ၊
ရွာလုံးကျွတ် သေကျေပျက်စီးနေရတာကကော လူ့အခွင့်အရေးချိုးဖေါက်တာမဟုတ်ဘူးလား၊
နိုင်ငံပြုပြင်ပြောင်းလဲရေးကိုလည်းမထိခိုက်နိုင်ဘူးတဲ့လား၊
သူတို့နိုင်ငံတွေကျတော့ကော ဘက်ပေါင်းဆုံက အစဉ်ထာဝရပြီးပြည့်စုံပြီး
သာယာဝပြောငြိမ်းချမ်းနေတဲ့ နိုင်ငံတွေမို့လား၊ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းဖို့ပဲဆိုရင် ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်းပဲတည်ရှိနေလို့လား၊ မြန်မာတိုင်းရင်းသားတွေ ခံလာရတဲ့ဒုက္ခတွေနှစ်ပေါင်း(၆၀)ကျော်ဟာ ကုလားတွေခံရတာတွေထက် အဆပေါင်းထောင်ကျော်ကွာတယ်။ ဘယ်သူတွေကထဲထဲဝင်ဝင် လိုက်အော်လိုက်ပြောဖူးပေးခဲ့လို့လဲ။ ကုလသမဂ္ဂလားဝေလာဝေးပေါ့။ တစ်ခုခုဖြစ်ရင် မလေးနိုင်ငံက ရိုက်ခတ်ချင်တိုင်း ရိုက်ခတ်နေမယ်ဆိုရင် အိန္ဒိယမှာဘာသာရေး အထွဋ်အမြတ်နေရာတွေမှာဗုံးခွဲတိုက်ခိုက်နေတာတွေ၊ ထိုင်းတောင်ပိုင်းမှာ ရဟန်းသံဃာတွေတိုက်ခိုက်တာတွေဟာ မြန်မာပြည်ကိုဘာကြောင့်များမရိုက်ခတ်ရတာလဲ၊ တခြားနိုင်ငံတွေအထိ ဘာကြောင့်မရိုက်ခတ်သွားတာလဲ...ဆိုတာကိုတော့...တွေးပြီးစဉ်းစားကြည့်ပါ....ကိုယ့်ကိုကိုယ် လူလို့သတ်မှတ်နေသေးတယ်ဆိုရင်ပေါ့..