Thursday, September 5, 2013

_Kwekalu_Interview_VCS 05/09/2013

KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချူပ် ဗိုလ်ချူပ်ဘောကျော်ဟဲနှင့်တွေဆုံမေးမြန်းခန်း (ရုပ်သံ)

ဒုစစ်ဦးစီးချူပ်ပြောသွားတဲ့ ဗမာစစ်တပ်ရဲ့ပြင်ဆင်မှုနဲ့ လုပ်ရှားမှုတွေဟာ သာမန်ပြည်သူတွေတောင်သိတယ် မြင်နိုင်စွမ်းရှိတယ်။ တာပေမယ့် ဥက္ကဌကြီးနှင့်အတွင်းရေးမှူးချူပ်ကြီး မကြားဘူး မသိဘူး... စစ်ဦးစီးချူပ်၊ ဖားအံ့ခရိုင်ဥက္ကဌ၊ ဒူးပလာယာခရိုင်ဥက္ကဌ သူတို့ လည်းမသိဘူး မကြားဘူး၊ ပဒိုမန်းငြိမ်းမောင်နဲ့ ဗိုလ်မှူးတူးတူးလေးတို့ .. ပြည်တွင်းမှာ အစည်းအဝေးတွေနဲ့  အလုပ်ရှုပ်နေတယ်.. တာတွေ သူတို့ မသိဘူး....ဘိတ်ထားဝယ်ဖက်မှာလည်း အောက်ခြေတပ်နဲ့ လူထုတွေ ခံနေရတယ်။ အလှူပ်ရှုပ်နေကြတာလား တာမှမဟုတ် အရှုပ်လုပ်နေကြတာလား ဖေါ်ပြပါ လူကြီးမင်းများ ပြန်စဉ်းစားပါ။



စောဘဦးကြီးဆင်းသက်လာပုံ(သို့)မျိုးစဉ်မျိုးဆက်များ



ကရင့်သမိုင်း ကရင်ဆောင်းပါးတွေကို တစ်နေ့ထက်တစ်နေ့ ပုံမှန် ရေးသားပေးနေပါတယ်..။ မတိမ်ကောမပပျောက်အောင်ထိန်းသိမ်
းစောင့်ရှောက်ရမှာဖြစ်သလို...သမိုင်းကြောင်းဆိုတာဟာ ကရင်လူမျိုးတိုင်း သိထားသင့်တဲ့ အရာတစ်ခုပင်ဖြစ်ပါတယ်..။

ရိုးရာယဉ်ကျေးမူအစဉ်လာတွေ အား .. ထိန်းသိမ်းစောင့်ရှောက်ပြီး.. သမိုင်းပေးတာဝန်အနေနဲ့ ရေးသေားဖော်ပြရမှာက ကျွန်တော်တို့ စာရေးသူ တို့ တာဝန်ပင်ဖြစ်ပေသည်..။

ဒီနေ့ ရေးမယ့် သမိုင်းက တော့ ကရင့်ပြည်နယ်ဖခင်ကြီး စောဘဦးကြီးရဲ့  သမိုင်းအချို့ ကို တင်ဆက်ရေးသားပေးမှာပါဖြစ်ပါတယ်........။
စောဘဦးကြီး ၏ မိဘနှစ်ပါးမှာ.. စောသာမြတ်ကြီးနှင့်ဒေါ်အေးနုတို့ဖြစ်ကြကာ ဇာတိမှာ ဘဲဂရက် ရွာပင်ဖြစ်သည်..။ မွေးချင်းလေးဦးအနက် စောဘဦးကြီး
မှာ ဒုတိယသားဖြစ်ပေသည်..။ စောဘဦးကြီး ၏ မွေးသက္ကရာဇ် အမှန်မှာ ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၇ ရက်ပင်ဖြစ်သည်..။ ဘဲကရက် ရွာသည် မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့၏ အရှေ့ မြောက်ဘက် မိုင်(၄၀) အကွာ တွင်တည်ရှိသည်ဟု မန်းဘဇန်းနှင့်ကရင့်တော်လှန်တစ်ဦးတည်းကသာ.. ဖော်ပြပြီး အချို့ သော သုသေတီများက အကွာဝေးကို ၇ မိုင်ဟု ဖော်ပြထားခဲ့ပါသည်..။

သမိုင်းကို ပြန်ဖတ်ကြည့်ခြင်းအားဖြင့် စောဘဦးကြီးသည် လန်ဒန်သို့ သွားရောက်ပညာသင်ကြားခဲ့သည် ဟု သိရှိခဲ့ရသေးသည်..။စောဘဦးကြီး လန်ဒန်သို့ ရေကြောင်းခရီးဖြင့် ထွက်ခွာလာရာ စုစုပေါင်း တစ်လတိတိကြာမြင့်ခဲ့ပါသည်..။

စောဘဦးကြီး ပထမနှစ်အတွက် တက္ကသိုလ်ဝင်ရောက်ခွင့်ရနိုင်ရန် လန်ဒန်နေအိမ်တွင်နေကာ ကျူရှင်ဆရာငှားရပါသည်..။အင်္ဂလိပ်စာအတွက်ချည်းမဟုတ်ပဲ ဥပဒေတွက် လက်တင်စာကိုပါ သင်ယူရလေသည်..။ထိုသို့ဖြင့် ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ်းဘရစ်(Cambridge University) နှင့် အောက်စဖို့(OXFORD) တက္ကသိုလ်၏ မဒလင် ကောလိပ်တွင်( Magdalene College) တွင် ကျောင်းဝင်ခွင့်ရလေသည်.။ထိုမှ ၁၉၂၈ ခုနှစ် နွေရာသီတွင် ဥပဒေပညာဘွဲ့ ရခဲ့သည်..။ ယင်းနှင့် ပက်သက်ရ်ျ သမီးဖြစ်သူ သဲလ်မာကြီးမှာ အောက်ပါအတိုင်းရေးထားခဲ့သည်.။

"ဖူးဖူး စောသာမြတ်ကြီး ဟာ ပါးပါ စောဘဦးကြီးနဲ့ သူ့ဝမ်းခွဲညီ စောပေသာတို့ကို အင်္ဂလန်သို့လွတ်ပြီး ဥပဒေ ပညာသင်စေခဲ့ပါတယ်..။ပါးပါး အဲ့ဒီတုန်းက အသက် ၁၇ မပြည့်သေးပါဘူး..။
နာမည်ကြီး အောက်စဖို့(OXFORD) နှင့် ကမ်းဘရစ် တက္ကသိုလ်တွေမှာ ပညာသင်ဖို့တွက် လက်တင်(Latin) ဘာသာတက်ဖို့လိုပါတယ်.။ပါးပါးဟာ အိမ်တစ်လုံးရှာနေတယ် ။ဆရာတစ်ယောက်နဲ့ လက်တင်(Latin) ဘာသာသင်ယူတယ်။ ပြီးတော့ ကမ်းဘရစ်တက္ကသိုလ်က မက်ဒလင် ကောလိပ်မှာ ဥပဒေပညာ သင်ယူပါတယ်။လေးနှစ်ကြာပါတယ် ၊ ကျောင်းပိတ်တိုင်း သူငှားထားတဲ့ အိမ်ကို ပြန်လာလေ့ရှိပါတယ် ။ အင်္ဂလန်နဲ့ ဗြိတိလျှအင်ပါယာ တစ်ခုလုံးမှာ ရှေ့နေလိုက်နိုင်ဖို့နဲ့ အထက်တရားရုံး(ဗဟိုတရားရုံး) လိုက်နိုင်ဖို့ လန်ဒန်မြို့ က
(Middle Temple) ဥပဒေပညာထပ်မံ သင်ယူပါတယ် ။ ၁၉၂၉ ခုနှစ်မှာ ပါးပါးဟာ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးဥပဒေ ပညာရှင် (BARRISTER AT LAW) ဖြစ်လာပါတယ်။ (သဲလ်မာကြီး၏ စောဘဦးကြီး အထ္ထုပ္ပတိ)

စောဘဦးကြီး အိမ်ထောင်ရေး ...။
ိုထိုခတ်အခါက မြန်မာနိုင်ငံသားအနေနဲ့ ဥရောပ တိုက်သူ ကို အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်ကူသည့် ကိစ္စတစ်ခုပင်ဖြစ်သည်..။ထို့ သို့ မလွယ်ကူသည့် ကြားကပင် ထိုစဉ်က ရှမ်းဆော်ဘွား သားများဖြစ်ကြသော စပ်ခွန်ချို နှင့် စပ်ကြာဆိုင်တို့သည် ဥရောပတိုက်သူများလက်ထပ်သကဲ့ သို့ပင် စောဘဦးကြီးနဲ့ စောပေသာတို့သည်လည်း ဥရောပတိုက်သူကို လက်ထပ်ပြီး.. မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာနိုင်သည်..။စောဘဦးကြီး မှာ လန်ဒန်သူဖြစ် ပြီး စောပေသာမှာ စကော့ဒလန်သူဖြစ်သည်.။
စောဘဦးကြီး လန်ဒန်တွင် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက် ရပုံကို ပေါလ်
(Paul Sztumpt) က သူ၏ (E-book let ) ရေးသားထားသကဲ့သို့ သဲလ်မာကြီးကလည်း သူ၏ စောဘဦးကြီး အထ္ထုပ္ပတိ စာအုပ်တွင် ပြန်လည်ရေသားဖော်ပြထားသည်.။

စာရေးသူ တစ်ယောက်နေနဲ့ ကျွန်တော် ဒီနေရာမှာရေးချင်တာတစ်ခုသည်..။ စောဘဦးကြီးအင်္ဂလန်ဒန်သူနှင့်လက်ထပ်ခဲ့ပုံကို ကြည့်ခြင်းဖြင့် စောဘဦးကြီး၏ စိတ်ဓါတ်ကို ခန့်မှန်ပေနိုင်သည်..။ စောဘဦးကြီး သည် ထိုဖြစ်စဉ်ကိုကြည့်ခြင်းဖြင့် လူမျိုးရေးခွဲခြားတဲ့ အမြင်မရှိသလို စိတ်ထားမြင့်မြတ်တည်ကြည်ကာ ပညာတက်တစ်ယောက်ဖြစ်သည်ဟုတ် တွေးခေါ်ယူဆနိုင်သည်..။

ကျယ်ဝန်းလှတဲ့ ဒီကမ္ဘာမြေကြီးမှာ ကျယ်ပြန့်နေထိုင်နေကြသည်ဖြစ်တာမို့ သွေးတစ်စက်ပဲရောရော အပြည့်ရောရော..အားလုံးဟာ ကရင်ဖြစ်ပြီး သွေးစည်းညီညွတ်ရမှာအမှန်ပင်ဖြစ်သည်.။
အဓိက ဟာ စိတ်ဓါတ်က သာ အဓိက ဖြစ်ပါတယ်.. မည်သို့ မည်ဖုံပင်မွေးဖွားလာစေကာမူ ကရင့်အတွက် ပေးဆပ်ခြင်တဲ့စိတ်ဓါတ်ရှိပါက သင်ဟာ ကရင်လူ့မျိုးအတွက်တော့ ဂုဏ်ယူစရာတစ်ဦးပင်ဖြစ်ပါတယ်..။

ကရင်ဖြစ်ပြီး ကရင်ရိုးရာအကြောင်းစိတ်မပါတာရှိသလို ကရင်သွေးတစ်ဝက်ပါလာပြီး..အားတက်တရောနဲ့ ကရင်တွေကို ကူညီထောက်ပံ့ပြီး ကိုယ့်သွေးကို အပြည့်ဖြည့်နေတဲ့ ကရင်တွေလည်း ရှိပါတယ်..။

ကျွန်တော် တို့ ဖခင် စောဘဦးကြီး..မှာ..
မိန်းမ သုံးယောက်ရှိပါတယ်... တစ်ယောက်က တော့ နောမလေး(ပုသိမ်သူ) ဒုတိယဇနီး
တစ်ယောက်ကတော့ Renee rose kemp လန်ဒန်(အင်္ဂလန်သူ) ပထမဇနီး
နောက်ဆုံးတစ်ယောက်ကတော့ နော်နီတာ (အရေးပိုင်သမီး) တတိယဇနီးတို့ ဖြစ်ပါတယ်..။

အင်္ဂလန်သူနဲ့ ရလာတဲ့ .. မိုက်ကယ်သီအိုဒို ကို ကရင်သွေးမစစ်ဘူးလို့ ဘယ်သူ များငြင်းချင်ပါသလဲ..။ ကရင်နဲ့ ရလာတဲ့ ကရင်သွေးစစ်စစ်ပါပဲ ...။မိုကယ်သီအိုဒို သား စောဘဦးကြီးမြေး ကလည်း ကရင်ပါပဲ..မြစ်ကလဲ ကရင် ပါပဲ....။ ဘယ်လိုမှမငြင်းနိုင်ပေ.။ ထိုသို့ ကရင်သွေးစီးဝင်သွားသည်မှာလည်း ဂုဏ်ယူစရာတစ်ချက်ပင်ဖြစ်သည်..။ အဘယ်ကြောင့်ဆိုသောကရင်သွေးသည် သားစဉ်မြေးမြစ်ထိ ကရင်သွေးပါသွားမှာဖြစ်တာကြောင့်မို့ပါပဲ...။

ဒါကြောင့်ကိုယ့်လူမျိုးသာ တကယ်မပျောက်မပျက်စေချင်ဘူးဆို...ရင်..အလကားနေခွဲခြာခွဲခြာ ဆက်ဆံနေမယ့် အစား..ကိုယ့်ကရင်သွေးပါတဲ့ရင်သွေးငယ်တိုင်းကို ကျောသားရင်သားမခွဲခြားပဲ ကိုယ့်ရိုးရာ ကိုယ့်ဘာသာစကား ကိုယ့်ဓလေ့ကို ပြသ ရမှာက ..တက်ထားသူသိထားသူတွေရဲ့ တာဝန်တစ်ခုပင်...။

ဒါမှ နောင်မျိုးဆက်သစ်တို့ ဆက်ထိန်းသိမ်းရင်းက အဓွန့်ရှည့်တည်တံမှာဖြစ်ပါတယ်..။ လက်ရှိအခြေနေမှာ.. ကျွန်တော်လေ့လာသလောက်ကရင်လူမျိုး လူငယ်တွေ ဒုံးကခြင်း ရိုးရားထိန်းသိမ်းခြင်း အစရှိတဲ့ ယဉ်ကျေးမူတွေကိုမအားတာကြားကနေ အားတက်တရော..ကူညီနေကြခြင်းဖြစ်ပါသည်..။ထိုထဲမှာမှ သွေးနှောကရင်တွေလည်း ပါဝင်ကြိုးစားလေ့ရှိသည်..။
ထိုကြောင့်... သင့်စကားတစ်ခွန်းသည်..ကရင်တစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းနေသူများကို အားငယ်မူ မဖြစ်ပါစေနဲ့ လို့ ပြောဆိုပါရစေ.။



စိတ်ဓါတ်ကို အခြေခံခြင်းဖြင့် ကရင့်သွေး အပြည့်စီးဆင်းကာ ကရင့်အတွက်ပေးဆပ်နိုင်ကြပါစေ ရွှေကရင်သွေးချင်းတို့....။
နောင်များမှာ စောဘဦးကြီး သမိုင်းနှင့် ကရင့်ရိုးရာဓလေ့များကို တင်ပြရေးသားသွားပါဦးမည်...။

No comments:

Post a Comment