Thursday, August 29, 2013

US Warships to Syria for attack 29/08/2013

ပြည်သူကို ရက်ရက်စက်စက်သတ်တဲ့ သမ္မတ ကို ကြသာပတေးနေ့  မနက် စစ်ဆင်ရေးစမည်.။

U.S. warships move to coast of Syria





ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့  စတိုက် မယ် ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။

ကြာသပတေးနေ့ နံနက် လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့  လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။

 ဒီနောက် မှာ တော့ ဗြိတိသျှ တော်ဝင် လေတပ် ၊ လတ်တလော မာလီ မှာ လေကြောင်း တိုက် ခိုက် မှု အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ပြင်သစ် လေတပ် တို့  နဲ့  အတူ အမေရိကန် တိုက် လေ ယာဉ် တွေ က ဆီးရီးယား နိုင်ငံ ထဲ ကို ၀င် ရောက် တိုက် ခိုက် မှာ ဖြစ် ပါတယ်။

 သုံးရက် ကြာ တိုက် ခိုက် မယ့် ဒီစစ်ပွဲ ဟာ ဆီးရီးယားက ပြိုင် ဘက် တွေ ကို နှိပ် ကွပ် ရာ မှ နိုင်ငံ တကာ က တား မြစ် ထား တဲ့ ဓာတု လက် နက် တွေ ကို အသုံး ပြု လို့  ဖြစ် ပါတယ်။ နှစ် နှစ် ကြာ ဆီးရီးယား အုံကြွမှု မှာ အာဆဒ် အစိုးရ က လူ တစ်သိန်း ကျော် လောက် ကို သတ် ဖြတ် ခဲ့ ပါတယ်။ ပုံ မှာ တွေ့ ရ တာ က တော့ ဆိုက်ပရပ်(စ) ကို နောက် ဆုံးရောက် ရှိ လာတဲ့ လေယာဉ် တင် သဘောင်္ ကြီး ဖြစ်ပါတယ်။


ဆီးရီးယားအရေး ကုလ ရှေ့မတိုးနိုင်လျှင် အမေရိကန် ဆက်လုပ်မည်


ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂ္ဂမှာ သံတမန်ရေးအရ ဘာမှမလုပ်နိုင် ဖြစ်နေတာကြောင့် ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်နေတာကို တုံ့ပြန်အရေးယူဖို့ကိစ္စကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စု ပြောလိုက်ပါတယ်။

ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အလားအလာရှိနေတဲ့ ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံရဲ့ သံတမန်ကိုယ်စားလှယ်တွေဟာ စတင်ဆွေးနွေးနေကြပါတယ်။
ဆီးရီးယားအနီးမှာ ရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နဲ့ နေတိုးတပ်ဖွဲ့တွေ
ဆီးရီးယားအနီးမှာ ရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နဲ့ နေတိုးတပ်ဖွဲ့တွေ

အဓိပ္ပါယ်ရှိတဲ့ အရေးယူ လုပ်ဆောင်ချက် မှန်သမျှ ရုရှားဘက်က ဆန့်ကျင်မှာဖြစ်တာကြောင့် ဆီးရီးယားမှာ ရှေ့တိုးစရာ လမ်းမမြင်ဘူးလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မာရီ ဟဖ် (Mari Harf) က ပြောသွားပါတယ်။

ဒါ့အပြင် ဆီးရီးယားအစိုးရအနေနဲ့ ရုရှားကို အကာအကွယ်ယူထားဖို့ မရနိုင်တော့ဘူးလို့လည်း ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုကိုယ်တိုင် ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ၀ါရှင်တန်အစိုးရအနေနဲ့  မဟာမိတ်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း ဟဖ် က ပြောပါတယ်။

Damascus မြို့တော်မှာ ဓာတုလက်နက်တွေ အသုံးပြုခြင်း ရှိ - မရှိ စစ်ဆေးစုံစမ်းတာမျိုး မတိုင်ခင် ကုလသမဂ္ဂဘက်က ဆီးရီးယားကို အရေးယူမယ့်ကိစ္စဟာ အချိန်စောမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး

No comments:

Post a Comment