Thursday, June 20, 2013

ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ နောက်ပြန်ဂျွမ်း ပစ်မယ့် ဗမာစစ်အစိုးရ


ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ
နောက်ပြန်ဂျွမ်း ပစ်မယ့် ဗမာစစ်အစိုးရ

အရင် ယူဂိုးဆလားဗီးယားနဲ့ ရ၀မ်တာတို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ပြီးကတည်းကဆိုလျင် အခုအခါ နေအိမ်စွန့်ခွါ
ပြေးရတဲ့ ဒုက္ခသည်အရည်အတွက် အများဆုံးဖြစ်တဲ့ ၈သန်းရှိလာပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မ
ဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်လိုက်ပါတယ်။

အများစုဟာ စစ်ပွဲပဋိပက္ခတွေကြောင့် ဒုက္ခသည်ဘ၀ ရောက်ကြရတာဖြစ်ပြီး အခုထွက်လာတဲ့ ကိန်းဂဏန်း
တွေဟာ စိုးရိမ်စရာပဲ ဆီးရီးယားပဋိပက္ခကြောင့် အခုလိုဒုက္ခသည်အရည်အတွက် တိုးလာတာဖြစ်တယ်လို့
ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကာလရှည်ကြာဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကိုမဖြေရှင်းနိုင်တာ ဒါမှမဟုတ်
နောင်ဖြစ်လာမယ့် ပဋိပက္ခတွေကိုမတားနိုင်ဘူးဆိုတာ အခုဒုက္ခသည်အရည်အတွက်တိုးလာတာက
ထောက်ပြနေတယ်လို့ UNHCR က ပြောပါတယ်။

အဲဒါကတော့ ဘီဘီစီမြန်မာပိုင်းဌာနက June 19, 2013 နေ့ကပြောပြသွားတဲ့ သတင်းတိုလေးကို တင်ပြ
လိုက်တာဖြစ်ပါတယ်။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကတော့ အခုဆို ထိုင်းနိုင်ငံဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို အိမ်ထောင်
စု ၅၀ လောက်တောင်လက်ခံဘို့ ကမ်းလှမ်းနေပြီလေ။
ပြီးတော့ တောနေလူတန်းစား နဲ့ မြို့နေလူတန်းစား တန်းတူ အခွင့်အရေးဖြစ်အောင်ဆိုပြီး လုပ်ဆောင်နေပုံ
များကတော့ အင်မတန်ကို ပြောင်မြောက်လှပါပေတယ်။

အောက်က ဓါတ်ပုံလေးတွေကိုကြည့်ခြင်းအားဖြင့် ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ တရပ်ဖြစ်တော့မယ်
ဆိုတာ အသေအခြာပါပဲ။

ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ ဘယ်တော့မျှနောက်ပြန်မဆုတ်ပါဘူးလို့ တဖွဖွပြောနေလိုက်တာများ
မကြားချင်အဆုံးပါ။
ပေးပြီးသားကတိကို ဘယ်တော့မှ မဖျက်ပါဘူး။
မတည်တာပါ။

တောနက်ထဲက ကရင်တွေကို ဒီလိုစားသောက်စေသလို
မြို့ပေါ်က အခြေခံလူတုကိုလည်း လမ်းဘေးမှာ အခုလိုစားသောက်စေပါတယ်။

တောတောင်တွေထဲက ကရင်တွေကို ရွာထဲကနေ မောင်းထုတ်ပြီး အခုလိုဘ၀မျိုးရောက်အောင် ဖန်တည်းသလို


မြို့ပေါ်က အခြေခံလူထုတွေကိုလည်း ရပ်ကွက်ထဲကမောင်းထုတ်ပြီး လမ်းဘေးရောက်အောင် ဖန်တည်းပါတယ်။
ဟုတ်ကဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ နောက်ပြန်မဆုတ်ပါဘူး။
နောက်ပြန်ဂျွမ်း ပစ်ဘို့လုပ်နေတာပါ။

No comments:

Post a Comment