Thursday, September 30, 2010

ို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထား


သုးခိၗက်ၔၓဖိစိီကၕီၗနံၗ သုးက့နီၓ၈ံၓႏြံ
ရန်သူတပ်က ခင်ဗျားတို့ အိမ်အောက်မှာရောက်နေပြီ အဲဒါကို "ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး" ဆိုတဲ့ စကားကို ပြောနေတုံးပဲ။ ဒီအတိုင်းဆိုရင် ဗမာစစ်တပ်က မင်းတို့ ကိုအရင်ဘယ်တော့မှမတိုက်ဘူး တာပေမယ့် မင်းတို့ ကို အရှင်လတ်လတ် နဲ့  အကုန်ဂုတ်ဆွဲသွားမယ်။

Reactive မဟာဗျူဟာနဲ့ တော့မရတော့ဘူး.. Proactive မဟာဗျူဟာနဲ့  အရင်ဆုံးဆော်ပစ်လိုက်စမ်းပါ။ ခံရပေါင်းများနေပြီ ခုထိ မမှတ်ကြသေးဘူး... ဒီကေအီအေတွေ နယ်ခြားစောင့်တပ် သင်တန်းပြီးလို့ ဗမာစစ်တပ်က သူတို့ ကို ပြန်နေရာဖယ်ပေးမယ် မထင်နဲ့ ။ နယ်ခြားစောင့်တပ်=ဗမာစစ်တပ် အားလုံးဟာ အတူတူပဲ။ အခုလာနေတဲ့ကောင်တွေ အလကားဘယ်တော့မှ မပြန်ဘူးမှတ်။ အခုချိန်မှာ ကေအဲန်ယူ စခန်းကြီး နှစ်ခုသိမ်းစည်းရမိပြီဆိုပြီး ကြိတ်ပျော်ပြီး ဗမာ့တပ်မတော် စစ်ရေးချူပ်မှာ မှတ်တမ်းတင်ပြီးသား။ ကျည်တစ်တောင့်မကုန် သွေးတစက်မှ မကျပဲ နေရာကြီး နှစ်ခု ဗမာစစ်တပ် တက်ထိုင်လို့ ရဒါ အဲဒါ စစ်ပညာရပ်တစ်ခုပဲ။ ဒီပွဲမှာ မင်းတို့ ညံ့တယ် လို့ မင်းတို့ ကို ပြောရင် မင်းတို့ ခံတော့.. ....ညီကိုတို့ .....

ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။

အပြည့်အစုံသို့ ....

No comments:

Post a Comment