Friday, September 3, 2010

ကရင့်အမျိုးသမီးတဦး ခံစားမှု ရင်ဖွင့်ပြောကြား




ကရင့်အမျိုးသမီးတဦး ခံစားမှု ရင်ဖွင့်ပြောကြား

၃၊ ၉၊ ၂၀၁၀

ကျမဟာကရင် ပြည်နယ်အတွင်းမှ အမျိုးကိုချစ်တဲ့ ကရင့်အမျိုးသမီး
တဦးဖြစ်ပါတယ်။ ခုတလောကြားရ၊ မြင်ရ၊ သိရသမျှသတင်းတွေ၊ အ
ခြေအနေတွေ၊ ဖြစ်ပျက်မှုတွေဟာ ကျမအတွက် ခံစားမှုပေါင်းများစွာ
နဲ့ ယူကျုံးမရဖြစ်စေခဲ့ရပါတယ်။

ကျမဖြတ်သန်းလာခဲ့သော ကာလ
အနည်းငယ်အတွင်း၌ ပြန်ကြည့်လျှင် 1995 မတိုင်ခင်ကာလတွင်
K N U တခုထဲသာရှိတယ်။ 1995 ခုနှစ်မှစ၍ကနေ့အထိပေါ့ က
ရင့်အမျိုးသားများထဲတွင် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပြီး သူ
တလူငါတမင်း အစိတ်စိတ်အမွှာ မွှာ အကွဲကွဲအပြဲပြဲ ဖြစ်ကုန်တော
့တယ်။ ကျမရင်ကွဲမတတ်ခံစားရပါတယ်။ ဒါပေမဲ့ ကျမစိတ် ကိုဖြေ
သာ လို့ရသေးတာတခုကတော့ ဒီကေဘီအေ တပ်ဆိုတဲ့ အဖွဲ့က
ကရင့်အမျိုးသား နှစ်သစ်ကူး နေ့ကြီးရက်ကြီးတွေမှာ ဒီိကေဘီအေ
တပ်နဲ့ ကရင့်အမျိုးသားပြည်သူလူထုများ , ကရင့်ယဉ်ကျေး မှုဒုံးအ
ကများနဲ့ ကရင့်တမျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ ကရင်အမျိုး
သားအလံများ လေထဲတွင် ဝင့်ကြွားစွာ တလူလူလွင့်နေပြီး စည်
ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သေးတာကိုကြည့်ပြီး ကျမ ပီ တိ
ဖြစ်ခဲ့ရပါသေးတယ်။

ဒီကေဘီအေ(DKBA Day)ဆိုလဲ ထိုနည်းလည်းကောင်းဘဲ၊ ဒါပေ
မဲ့ကရင့်တမျိုး သားလုံးအတွက်ပြည့်စုံမှုတော့ မဟုတ်ပါဘူး။ ထူးထူး
ခြားခြား ရရှိတာတခုကတော့ ကရင်ပြည်နယ်မှာက ရင်လူထုများ
အာဝါဒေနဲ့ မူးယစ်ဆေးဝါးကြောင့် ကရင့်အမျိုးသား လူငယ်မောင်
မယ်များ သာမက ကရင် လူထု တော်တော်များများ ဘဝပျက်စီးတာ
ကိုတွေ့ရပါတယ်။ ကျမကတော့ ကျမတို့ကရင့်အမျိုးသားများ မက
ွဲကွဲအောင် နည်းအမျိုးမျိုးနဲ့ ဗမာစစ်အစိုးရမှ လုပ်တယ်လို့ဘဲမြင
်တယ်။ ဘာဖြစ်လဲဆိုတော့ ကျမမြင်သမျှပေါ့၊ ငြိမ်းချမ်းရေးယူတဲ့အ

ဖွဲ့တွေကို စီးပွားရေး အလုပ်အမျိုးမျိုးလုပ်ခိုင်း တာတွေ့တယ်။ အ
ထူးသဖြင့်မူးယစ်ဆေးဝါးလုပ်ငန်းများဆိုရင် နားလည်မှုပေးပြီး လုပ
်ခိုင်းတာအများကြီး တွေ့ရပါတယ်။

ကျမကိုယ်တိုင် တစ်ခါနှစ်ခါလုပ်ခဲ့ဘူးသေးတယ်။ ကျမအဖော် အ
ဖမ်းခံရလို့ ကျမ ကြောက်ပြီးမလုပ်ရဲ တော့ဘူး။ ကျမ ကံကောင်း
လို့အဖမ်းမခံရတာ။ ထားပါတော့လေ။ အခုတလော မှာ အခြေအ
နေတွေပိုဆိုး တယ် လို့ကျမထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း
ချမ်းရေးဆိုတဲ့အဖွဲ့ တွေကို ဗမာစစ်အစိုးရက ''နယ်ခြားစောင့်တပ်"
လုပ်ခိုင်းတယ်၊ ပြီးတော့အရင်တုန်းကစီးပွားရေး လုပ်ခွင့်ပေးထားတဲ့
နယ်ခြားဂိတ် တွေပိတ်တယ်၊ ကျမစိတ်အနာဆုံးတခုကတော့
(2010) ခုနှစ်သြဂုတ်လ (5)ရက် နေ့မှာ ကျမ တို့ကရင့်တမျိုးသား
လုံး အထွဋ်အမြတ်ထားတဲ့ ကရင့် အမျိုးသားအလံတော် ကို ဆွဲချခိုင်း
တာဘဲဖြစ်တယ်၊ ဒီ လုပ်ရပ်ဟာ ကျမတို့ကရင့်တမျိုးသား လုံးအပေါ်
ကို စော်ကားတယ်လို့ဘဲမြင်တယ်။ ကျမအရမ်း စိတ် နာတယ် ၊ ရင်
နင့်နေအောင် ခံစားရတယ်။ ဒါကြောင်ဒီ ''ရင်ဖွင့်သံ" ဆိုတဲ့စာလွှာကို
ကောက်ရေးလိုက်တာဖြစ်ပါတယ်။
ကျမထင်တယ်၊ ကျမခံစားရသလို ကျမတို့  ကရင်အမျိုးသားများလည်း
ကျမခံစားရသလိုဘဲ ခံစားရမယ်လို့ယုံကြည် ပါတယ်။ ကျမတို့ခံ စား
ရတာနဲ့မပြီးသေးပါဘူး၊ ကျမတို့ ကရင့်တမျိုးသားလုံးအတွက် အရေး
ကြီးဒါက ကျမတို့ကရင့်အမျိုးသားများ သင့်သင့်မြတ်မြတ် စည်းစည်း
လုံးလုံး ချစ်ချစ်ခင်ခင် ပြန်လည်ပေါင်းစည်း ကြဘို့ အရေးအကြီးဆုံး
ဖြစ်ပါတယ်။

စည်းလုံးညီညွတ်မှုမရှိ သော လူမျိုးတစ်မျိုးဟာကိုယ်လူမျိုးဘဝ တိုး
တက်မှုသာယာဝပြောမှုဆိုတာ ဘယ်တော့မှ မရရှိနိုင်ပါဘူး။ ဒါကြောင့်
နောက်ဆုံး အနေနဲ့ တိုက်တွန်းနိုးဆော်ချင်တာကတော့ ကိုယ်အမျိုး
သား အချင်းချင်း ပြန်လည်၍ နားလည်မှု တည်ဆောက်ကြပါ၊ ကရင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စည်းလုံး ညီညွတ်မှုကို ကြိုးစား၍
ပြန်လည် တည်ဆောက်ကြပါ၊ ကိုယ့်အမျိုးသား အချင်းချင်း ပြန်ချစ်
ကြပါ၊ ၁၅နှစ်တာကာလ အတွင်း ကရင့်အမျိုးသားအချင်းချင်း ပစ်ခတ်
သတ်ဖြတ်မှုအားလုံး ကိုရပ်တန်းက ရပ်ပြီး ကရင့် အမျိုးသားစည်းလုံး
ညီးညွတ်ရေးကို မရရအောင် ပြန်လည်ကြိုးစား တည်ဆောက်ကြပါလို့
ဤစာလွှာဖြင့် ကျမရင်ဖွင့်ပြောကြား ရင်း တိုက်တွန်းလိုက်ရပါတယ်။



နန်းချောင်အွာ
လှိုင်းဘွဲမြို့နယ်
ကရင်ပြည်

အပြည့်အစုံသို့ ....

No comments:

Post a Comment