Friday, August 2, 2013

Myanmar Flooding 02/08/2013

ကရင်ပြည်နယ် ရေကြီးရေလျှံ


ကရင်ပြည်နယ် ရေကြီးရေလျှံ 
Date July 31 2013
Wednesday

By မင်းစိုးစံ

ကရင်ပြည်နယ်တနယ်လုံး သစ်တွေခုတ်၊ ရွှေတူး၊ ခဲတူး၊ တောင်ဖြို၊ ရေမကြီးပဲနေမလား။
တောင်ကို ထိုင်ကြည့်နေလို့ ဘာအကျိုးမှမရှိပေမယ့် တောင်ဖြိုချလိုက်တော့ ရေကြီးလာလျင် ဘယ်မှာသွား
နေမလဲ။
သစ်ပင်ကြီးတွေ ထိုင်ကြည့်နေလို့ ဘာအကျိုးရှိမလဲ ခုတ်ပစ်လိုက်တော့ ပိုက်ဆံဖြစ်လာတယ်၊ အဲဒီပိုက်
ဆံနဲ့ ရေကြီးတာကို ရေမကြီးနဲ့ လျော့ ပိုက်ဆံ ဆိုပြီးပေးလိုက်။
ရွှေတူးတော့ ပိုက်ဆံဖြစ်လာတယ် မြေပြိုတော့ လျော့ ပိုက်ဆံ မြေမပြိုနဲ့။

အခု ကျုပ်တို့ခင်ဗျားတို့ လုပ်နေတဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုတာ ဘာနဲ့နှိုင်းယှဉ်ပြီး တိုင်းတာမှာလဲ တိုက်ကြီး
တွေ ဆောက်တာ၊ တံတားကြီးတွေ ဖြစ်လာတာ၊ လေယာဉ်တွေနဲ့ အချိန်တိုအတွင်းသွားနိုင် လာနိုင်တာ၊
လူတစ်ယောက်ရဲ့ ပျမ်းမျှခြင်းဝင်ငွေ တစ်လကို ဒေါ်လာ တစ်သောင်းကနေ တစ်သန်း၊ တစ်ကုဋေ၊ ကုဋေ
တစ်ရာအထိ ရှိလာတာ အဲဒါတွေနဲ့ တိုင်းတာမလား။
ဒါမှမဟုတ် လူတွေ လေယာဉ်၊ ကျည်ဆံရထား၊ မော်တော်ကား တွေမသုံးနိုင်တာကို တိုးတက်ဖွံဖြိုးမှု နိမ့်ကျ
တယ်လို့ပြောမလား။
ဒါဆိုလျင် ခင်ဗျားတို့ ကျုပ်တို့အားလုံးကို အသက်မရှူခိုင်းပဲ ကဲ ခင်ဗျားတို့ အဲဒီပုံထားတဲ့ ဒေါ်လာတွေနဲ့ စိန်
တွေကို အသက်အောင့်ထားတဲ့ အချိန်အတွင်းမှာ ရသလောက်ယူကြပါ လို့ဆိုလာလျင် ဘယ်လောက်ယူ
နိုင်ကြမလဲ။ အသက်ရှူပြီး ရသလောက်ယူကြဆိုလျင် ဘယ်လောက်ရမယ် ထင်သလဲ။
ဘယ်သင်းက ပိုရမလဲ။ ကလေးတွေက အစသိတယ်။

ဆိုလိုချင်တာက လူဆိုတဲ့သတ္တ၀ါဟာ အသက်ရှင်နေထိုင်နိုင်ဘို့အတွက် ရေ မြေ လေ မီး မရှိလို့မဖြစ်ပါဘူး။
အဲဒီလေးမျိုးထဲက တခုခုမရှိတော့လျင် ဒါမှမဟုတ် တခုခုလျော့ပါးသွားလျင် ဒါမှမဟုတ် ပိုကဲသွားပြီဆိုလျင်
ဒုက္ခရောက်တော့မှာ အသေအခြာပါ။ ပြောသာပြောရတာ ကျုပ်လည်းသူဌေးဖြစ်ချင်နေတာ ကြာလှပြီ၊ အခု
ထက်ထိ သူဌေးဖြစ်မယ့်နေရာကို မတွေ့သေးဘူး။

ကရင်လူကြီးသူမတွေ ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။
နောက်တကြိမ် ဇွဲကပင်တောင်ကို ရေတွေဖုံးလွှမ်းသွားဦးမယ် တဲ့။
ဟိုးအရင့်အရင်တုန်းက ဇွဲကပင်တောင်ကို ကရင်တွေ သင်္ဘောချည်တိုင်အဖြစ် သုံးခဲ့ကြတယ်တဲ့။
ရေကျသွားတော့ သင်္ဘောကြီးလျှောကျသွားတဲ့အတွက် အဲဒီဇွဲကပင်တောင်ရဲ့ တနေရာဟာ သင်္ဘောလျှော
ကျခဲ့တဲ့ နေရာအခုထက်ထိရှိနေတယ်ဆိုပဲ။
ကျုပ်ကတော့ မရောက်ဘူးပေါင်။ ပြောသံကြားတာ။ ပြောသံကြားတယ်ဆိုတာကိုယ်တိုင်မြင်ရတာထက် ပို
သေခြာတယ်ဆိုလား။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် မိဇံတောင်လည်း ကုန်တော့မယ်၊ ဖါးမဲတောင်လည်း လုံးပါးပါးတော့မယ်၊ ဇွဲကပင်
တောင်ကိုလည်း တစစီ ဖဲ့တော့မယ်။

ကဲ ဇွဲကပင်တောင်ကို ရေဖုံးလွှမ်းသွားတဲ့တနေ့ တောင်ပေါ်ကမျောက်တွေ ဘယ်မှာသွားနေမလဲဆိုတာကို ပူနေမလား။ တောင်ခြေက လူတွေအတွက်ပူမလား။ အဲဒီအခါကျလျင် ကျုပ်လည်းရှိတော့မှာမဟုတ်ဘူး။ သူဌေးဖြစ်ချင်တဲ့လူတွေ ကြိုက်သလိုသာလုပ်ကြ။ လောလောဆယ်တော့ ရေကြီးတဲ့သတင်းလေး ကြည့်
လိုက်ကြပါဦး။

No comments:

Post a Comment