Thursday, August 22, 2013

Multi religions Peace Workshop in Yangon 22/08/2013

Published on Aug 20, 2013
အနာဂတ်မှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ မဖြစ်ရအောင် ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး နဲ့ ညီညွတ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။


 RFA Burmese TV 2013 August 21
 

ကရင်နယ်ခြားစောင့်တပ်မှူး၏ ရေခြားမြေခြားပညာရေးအလှူ

KNU ဥက္ကဌကြီး(ဘောင်းဘီတို+အ၀ါတီရှပ်)နှင့် စောချစ်သူ


သြဂုတ် ၁၉

(ကရင်ပြည်နယ်)နယ်ခြားစောင့်
တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ စနေနေ့ကမဲဆောက်ကိုရောက်လာပြီး မြန်မာရွှေ့ပြောင်းကျောင်းသားတွေအတွက် ပညာရေးအလှူငွေဘတ် ၁ သိန်းပေးအပ်ခဲ့ပါတယ်။

အဲဒီအလှူငွေဟာ ဆာသူးလေအထက်တန်းကျောင်းကနေတဆင့် မြ၀တီစာစစ်ဌာနမှာ
တက္ကသိုလ်ဝင်တန်းဖြေဆိုကြမဲ့ကလေးတွေအတွက်ဖြစ်တယ်လို့သိရပါတယ်။

အဲဒီနေ့ကမဲဆောက်ကိုရောက်ရှိနေတဲ့စောချစ်သူဟာ KNU ဥက္ကဌဗိုလ်ချုပ်ကြီးမူတူး
စေးဖိုးနဲ့အတူ ဆာသူးလေကျောင်းမှာပြုလုပ်တဲ့ လူမှုရေးအခမ်းအနားတခုကိုအတူ
တကွတက်ရောက်ခဲ့ကြပါတယ်။

အခုတင်ထားတဲ့ပုံကတော့ သူတို့နှစ်ယောက်ကိုဆာသူးလေကျောင်းမှာ ရိုက်ကူးထား တာပါ။

သတင်းနှင့်ဓာတ်ပုံ - မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment