



တၓ၈ီၖတဖၗလၔဒံၗခ့ၗဘံၗအ့ၗဆီတလဲအသးဆူပယီၖသုးကူကၖ
သတင်း+ဓါတ်ပုံ = ၉၉၉ တပ်မှူးငယ်
နယ်ခြားစောင့်တပ် ၀တ်စုံကို ၀တ်ထားတဲ့ DKBA တပ်သားတွေ ရွာကို ၀င်တော့ မင်းတို့ ဗမာစစ်သားနဲ့ တူတယ် ပေါက်သင်ညို တွေနဲ့ တူကုန်ပြီ ဆိုပြီး ရွာသားတွေက သူတို့ ကို ပြောတော့ ရှက်ပြီး ယူနီးဖေါင်းကို ဓါးနဲ့ ခုတ်ဖြတ်တဲ့လူ ဖြတ် ချောင်းထဲ မျှောတဲ့ လူ မျှော ဖြစ်ကုန်တယ် လို့ သတင်းရရှိပါတယ်။
ဒီလို ယူနီဖေါင်းတွေကို လုပ်တာ ဗိုလ်ချစ်သူ ကဘာမှ မပြောရဲတော့ပဲ မင်းတို့ မ၀တ်ချင်ရင်လည်း ဒီလိုမလုပ်ပါနဲ့  လို့ တောင်းပန်ပြီး နေ့ ကြီးရက်မြတ်တွေမှာပဲ ၀တ်ကြပါလို့ သူ့ လူတွေကို တောင်းပန်ကြောင်း ၉၉၉ တပ်မှူးငယ်က သတင်းပို့ လာပါတယ်။ ဆက်လက်ပြီး ခုချိန်မှာ ဗိုလ်ချစ်သူက ကုန်သွယ်ရေးနှင့် စီးပွားရေးတာဝန်ခံချူပ် ရာထူးကို လက်ခံရယူထားပြီး အသာငြိမ်နေပြီဖြစ်ကြောင်း၊ သို့ ပေမယ့်လည်း သူ့  လူတွေ အစာလုံးဝ မကြေပဲ ပေါ်လာမည့် အခြေအနေတွေကိုကြည့်ပြီး ထွက်ပြေးဖို့ အခွင့်အလမ်းတွေ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အဘယ်ကြောင့် ဆိုသော် BGF တပ်မှ ထွက်ပြေးမည့် သူတွေကို အပြတ်ရှင်းဖို့  နအဖ စစ်တပ်မှ မောင်ချစ်သူကို ညွန်ကြားထားကြောင်း ၉၉၉ တပ်မှူးငယ်မှ သတင်းပေးပို့  လာပါတယ် ခင်ဗျား။
အများပြည်သူ သိရှိရန်အတွက် သတင်း+ဓါတ်ပုံ ပေးပို့ လာသူ ၉၉၉ တပ်မှူးငယ်အား အထူးကျေးဇူးတင်ရှိပါသည်။
Type the rest of your post here.
အပြည့်အစုံသို့ ....
ပြန်ခေါက်ပါ...
No comments:
Post a Comment